61059625_2391837650847141_3295578077517578240_n.jpg

ဖိလစ်ပိုင်နိုင်ငံက အမှိုက်တွေကို ပြန်လက်ခံမယ်လို့ ကနေဒါနိုင်ငံ ပြော

ဖိလစ်ပိုင်နိုင်ငံနဲ့ သံတမန်ရေးရာ ပဋိပက္ခဖြစ်ပွားခဲ့ရတဲ့ စွန့်ပစ်အမှိုက်တွေကို ပြန်လက်ခံသွားမယ်လို့ ကနေဒါနိုင်ငံက ပြောပါတယ်။ ကနေဒါနိုင်ငံက အမှိုက်တွေကို ပြန်ပြီးလက်မခံရင် ကနေဒါနိုင်ငံ ကမ်းခြေကနေ ရေမိုင် (၁၂) မိုင်အကွာ ဒါမှမဟုတ် ကနေဒါနိုင်ငံ ရေပိုင်နက်ထဲကို အမှိုက်တွေ ပြန်ပစ်ခဲ့မယ်လို့…

60870441_2391837547513818_1489164057440157696_n.jpg

ဘိုးဘွားဂေဟာက (၉၂) နှစ်အဘွားအို သေဆုံးမှုအတွက် (၁၀၂ နှစ်) အရွယ် အဘွားအိုကို သံသယရှိနေ

ပြင်သစ်နိုင်ငံရဲ့ ဘိုးဘွားဂေဟာမှာ (၉၂) နှစ်အရွယ် အဘွားအိုတစ်ယောက် သေဆုံးမှုအတွက် အသက် (၁၀၂) နှစ်အရွယ် အဘွားအိုကို လူသတ်မှုနဲ့ သံသယရှိနေပါတယ်။ ပြင်သစ်နိုင်ငံမြောက်ပိုင်း ချီဇီဆာမာနေးဒေသက ဘိုးဘားဂေဟာမှာ အဘွားအိုတစ်ယောက် သေဆုံးခဲ့ပြီး သူ့မျက်နှာက ဆိုးဆိုးရွားရွား ပျက်စီးနေတာ…

61063815_2391837434180496_2857939593162915840_n.jpg

ဝါရှင်တန်ပြည်နယ်မှာ ရုပ်အလောင်းတွေကို မြေဆွေးလုပ်ဖို့ တရားဝင်ခွင့်ပြု

ဝါရှင်တန်ပြည်နယ်ကတော့ အမေရိကန်ပြည်နယ်တွေထဲမှာ ပထမဆုံးအနေနဲ့ ကွယ်လွန်သူတွေရဲ့ ရုပ်အလောင်းတွေကို မြေဆွေးလုပ်ဖို့ တရားဝင်ခွင့်ပြုပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဝါရှင်တန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျေးအင်စလီက ဥပဒေကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုခဲ့တာပါ။ အဲဒီဥပဒေသစ်အရ ဝါရှင်တန်ပြည်နယ်မှာ နေထိုင်သူတွေဟာ သူတို့ကွယ်လွန်သွားရင် သူတို့ရဲ့ရုပ်အလောင်းတွေကို မြေဆွေးလုပ်ခွင့် ပေး၊…

60879510_2391837327513840_3966123812176527360_n.jpg

ဧဝရက်တောင်ထိပ်ကို (၂၄) ကြိမ်တက်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့သူ

နီပေါနိုင်ငံက တောင်တက်လမ်းပြတစ်ယောက်ဟာ (၇) ရက်အတွင်း ဧဝရက်တောင်ကို (၂) ကြိမ်တိုင်တိုင်တက်ပြီး စုစုပေါင်းတောင်ထိပ် တက်ရောက်နိုင်မှု (၂၄) ကြိမ်နဲ့ ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။ အသက် (၄၉) နှစ်ရှိတဲ့ ကာမီရီတာဟာ မေလ (၁၅) ရက်နေ့က…

60765097_2391842427513330_6404686902884040704_n.jpg

တိန့်အန်းမင်းရင်ပြင် ဆန္ဒပြပွဲ နှိမ်နင်းခံရတဲ့ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်(တိုင်ပေ)မှာ သရုပ်ဖော်

တရုတ်နိုင်ငံမှာ သွေးချောင်းစီးခဲ့တဲ့ ဒီမိုကရေစီဆန္ဒပြပွဲ နှိမ်နင်းမှု နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်(တိုင်ပေ)အနုပညာရှင်တစ်ယောက်က လေမှုတ်ဘောလုံးတွေ အသုံးပြုပြီး တင့်ကားရှေ့မှာ မတ်တပ်ရပ်နေသူတစ်ယောက်ရဲ့ပုံစံ သရုပ်ဖော်ခဲ့ပါတယ်။ ဘေဂျင်းမြို့က တိန့်အန်းမင်ရင်ပြင်မှာ တင့်ကားတွေရှေ့ လမ်းပိတ်ပြီး မတ်တတ်ရပ်နေတဲ့ အမျိုးသားတစ်ယောက်ရဲ့ဓာတ်ပုံက…

61385437_2391837204180519_295956794683949056_n.jpg

သြစတြေးလျရွေးကောက်ပွဲမှာ (၂) ခါပြန် လျော်ခဲ့ရတဲ့ လောင်းကစားကုမ္ပဏီ

သြစတြေးလျနိုင်ငံက လောင်းကစားကုမ္ပဏီတစ်ခုဟာ သြစတြေးလျရွေးကောက်ပွဲမှာ အတွက်မှားပြီး အလျော်အစားလုပ်ခဲ့လို့ ”မိအေး နှစ်ခါနာ”ဖြစ်ခဲ့ရပါတယ်။ Sportsbet ကုမ္ပဏီဟာ သြစတြေးလျနိုင်ငံ ရွေးကောက်ပွဲမှာ လေဘာပါတီ အနိုင်ရမယ်လို့ လောင်းခဲ့တဲ့သူတွေကို သြစတြေးလျဒေါ်လာ (၁) သန်းကျော် ပေးလျော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က…

60710296_2388554717842101_6879208698065977344_n.jpg

အိပ်လျက်တွန်းအလေးမကစားနည်းမှာ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ဂျပန်နိုင်ငံသား

ဂျပန်နိုင်ငံသား ဒိုင်ကီကိုဒါမာဟာ အိပ်လျက်တွန်း(bench press)အမျိုးအစားမှာ အလေးချိန် (၂၂၅) ကီလိုဂရမ်(၄၉၆.၀၄ ပေါင်)တွန်းပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။ အသက် ၄၀ အရွယ်ရှိတဲ့ ကိုဒါမာဟာ ခန္ဓာကိုယ်အလေးချိန် (၁၁) စတုံ(၁၅၄ ပေါင်)ပဲရှိပြီး သာမန်ခန္ဓာကိုယ် အချိုးအစားရှိသူပါ။ ဒါပေမဲ့…

60649227_2388554841175422_5709735175479361536_n.jpg

ရောမမာစတာပြိုင်ပွဲမှာ ဂျိုကိုဗစ်ကို အနိုင်ယူဗိုလ်စွဲခဲ့တဲ့ မြေစေးကွင်းဘုရင် ရာဖေးလ်နာဒယ်

မြေစေးကွင်းဘုရင်လို့ တင်စားခံရတဲ့ ရာဖေးလ်နာဒယ်ကတော့ ရောမမာစတာပြိုင်ပွဲဗိုလ်လုပွဲမှာ ဂျိုကိုဗစ်ကို ၆-ဝ၊ ၄-၆၊ ၆-၁ နဲ့ အနိုင်ယူပြီး ဒီရာသီအတွက် သူ့ရဲ့ပထမဆုံး ဆုဖလား ဆွတ်ခူးခဲ့ပါတယ်။ မြေစေးကွင်းရာသီအစမှာ လက်စွမ်းမပြနိုင်ခဲ့တဲ့ နာဒယ်ဟာ ဂျိုကိုဗစ်နဲ့ပွဲစဉ်မှာတော့ သူ့ရဲ့အကောင်းဆုံးလက်စွမ်းနီးပါး ပြသနိုင်ခဲ့ပါတယ်။…

60862408_2388555024508737_983867430012977152_n.jpg

ဒီယွန်တေးဝှိုက်ဒါကို ဗလာလက်သီးပွဲဆင်နွှဲဖို့ တိုင်ဆန်ဖျူရီ စိန်ခေါ်

နယူးယော့ခ်မြို့က တိုင်းမ်စကွဲမှာ ဗလာလက်သီးယှဉ်ပြိုင်ထိုးသတ်ဖို့ သူ့ရဲ့ပြိုင်ဘက်ဟောင်း ဒီယွန်တေးဝှိုက်ဒါကို တိုင်ဆန်ဖျူရီက စိန်ခေါ်ခဲ့ပါတယ်။ တိုင်ဆန်ဖျူရီဟာ ဒီယွန်တေးဝှိုက်ဒါနဲ့ စိတ်မကျေပွဲ ပြန်ထိုးချင်နေသူပါ။ ဒီယွန်တေးဝှိုက်ဒါဟာ ပြီးခဲ့တဲ့အားလပ်ရက်မှာ ဒိုမီနစ်ဘရာဇီယာလီကို ပထမအချီမှာပဲအလဲထိုးပြီး သူ့ရဲ့ WBC ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သူပါ။ ရှုံးပွဲမရှိသေးတဲ့…

61100702_2388556067841966_3008474151028523008_n.jpg

ပရီးမီးယားလိဂ်ဖလားကျကွဲသွားသလိုလုပ်ပြီး ပရိသတ်တွေကိုကျီစယ်ခဲ့တဲ့ အဂူရိုနဲ့ ဒီဘရိုင်း

မန်စီးတီးအသင်းမှာ အကျီစားသန်တဲ့ တိုက်စစ်မှူး အဂူရိုနဲ့ ဒီဘရိုင်းတို့ဟာ ပရီးမီးယားလိဂ်ဖလား ကျကွဲသွားသလိုဟန်ဆောင်ပြီး ပရိသတ်တွေကိုကျီစယ်ခဲ့ကြပါတယ်။ မန်ချက်စတာမြို့မှာ မန်စီးတီးအသင်း လှည့်လည်အောင်ပွဲခံမယ့်အခမ်းအနားမတိုင်ခင် မန်စီးတီးအသင်း ပရိသတ်တချို့ကို အဂူရို၊ ဒီဘရိုင်းတို့နဲ့ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ မန်စီးတီးအသင်း အခြေစိုက်ရာ အဆောက်အအုံအပေါ်ထပ်မှာ အဂူရို၊…