67462394_2483412161689689_6394842807776837632_n.jpg

ဂရစ်ဇ်မန်းကို ပေါင် (၇၁၇) သန်းတန် လျော်ကြေးစာချုပ်ချုပ်ဆိုခဲ့တဲ့ဘာစီလိုနာ

အက်သလက်တီကိုအသင်းကနေပြောင်းရွှေ့လာတဲ့ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းမှာ ကျောနံပါတ် (၁၇) ဂျာစီကို ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုကနေ ဘာစီလိုနာကို ပေါင် (၁၀၈) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး (၅) နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲဒီစာချုပ်မှာ ဘာစီလိုနာအသင်းက ဂရစ်ဇ်မန်းအတွက်…

66857667_2483411778356394_1344380623992651776_n.jpg

လာမယ့်ရာသီအတွက် စည်းမျဉ်းပြောင်းလဲမှုကို ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ကြေညာ

လာမယ့်ရာသီကစပြီး အသင်းတွေကိုအဆင့်သတ်မှတ်ရာမှာ အသင်း(၂) သင်းကြား ထိပ်တိုက်တွေ့ဆုံမှုကို ထည့်သွင်းစဉ်းစားသွားမယ်လို့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ အသင်း (၂) သင်းကြား အမှတ်တူ၊ ဂိုးကွာခြားချက်တူ၊ သွင်းဂိုးတူနေရင် သူတို့(၂)သင်းရဲ့ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ဖို့ အသင်း (၂)…

66735001_2483412148356357_2708909772794494976_n.jpg

ကမ္ဘာ့အကောင်းဆုံးအသင်းစာရင်းမှာ မန်ယူအသင်း အဆင့် (၃၄) နေရာရပ်တည်

FiveThirtyEight အဖွဲ့ရဲ့ ဘောလုံးကျွမ်းကျင်ပညာရှင်တွေက အညွှန်းကိန်းတန်ဖိုးတွက်ချက်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်းကိုရွေးချယ်ရာမှာ မန်စီးတီးက အဆင့် (၁) နေရာမှာရပ်တည်ခဲ့ပါတယ်။ Soccer Power Index (SPI)လို့ အမည်ပေးထားတဲ့အညွှန်းကိန်းအရ အသင်းတွေကို တိုက်စစ်စွမ်းရည်နဲ့ ခံစစ်စွမ်းရည်အဆင့်သတ်မှတ်ပြီး အမှတ်ပေးတာဖြစ်ပါတယ်။ ကြားကွင်းမှာသွင်းယူတဲ့ ပျမ်းမျှသွင်းဂိုးကိုကြည့်ပြီး…

67216087_2475126659184906_7122813900155781120_n.jpg

ကျားတွေကို ယဉ်ပါးအောင်သင်ပေးခဲ့တဲ့ ဆပ်ကပ်သမား ကျားကိုက်ခံရလို့ သေဆုံး

ကျားတွေကို ယဉ်ပါးအောင် သင်ပေးခဲ့လို့ နာမည်ကျော်ကြားတဲ့ ဆပ်ကပ်သမားတစ်ယောက်ဟာ ကျားလေးကောင်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ (၆၁) နှစ်ရှိတဲ့ အက်တိုရီဝက်ဘာဟာ အီတလီနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး ဆပ်ကပ်အဖွဲ့(Circo Orfei)ရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ သူဟာ ဆပ်ကပ်ပွဲမှာ ဖျော်ဖြေမယ့်ပြကွက်အတွက် ပြင်ဆင်နေတုန်း ကျားတစ်ကောင်က…

66272454_2475126862518219_8938198625150828544_n.jpg

ဖိလစ်ပိုင်ကမ်းခြေကို ဒေါ်လာသန်းချီတန်တဲ့ အုတ်ခဲပုံစံ ကိုကင်းထုပ်တွေ မျောလာ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကူဇွန်ပြည်နယ် ကမ်းခြေအနီးကို အုတ်ခဲပုံစံ ကိုကင်း (၇) ထုပ် မျောလာခဲ့ပါတယ်။ ကူဇွန်ပြည်နယ် မော်ဘန်ဒေသကို ပျော်ပွဲစားထွက်တဲ့ မိသားစုက ကမ်းခြေအနီးမှာ ပေါလောပေါ်နေတဲ့ ကိုကင်းထုပ်တွေ တွေ့ရှိခဲ့တာပါ။ သူတို့က အဲဒီအထုပ်တွေကို ကောက်ယူပြီး ဖွင့်ကြည့်ချိန်မှာ…

66707969_2475126415851597_6696498010450296832_n.jpg

အာကာသထဲရောက်ရှိမယ့် ပထမဆုံးလူမည်းအာဖရိကန်ဖြစ်လာဖို့ အခွင့်အရေးရထားသူ သေဆုံး

အာကာသထဲ ရောက်ရှိမယ့် ပထမဆုံး လူမည်းအာဖရိကန်ဖြစ်လာဖို့ အခွင့်အရေးရထားတဲ့ တောင်အာဖရိကနိုင်ငံသားဟာ သူ့အိပ်မက်တွေကို အကောင်အထည်မဖော်နိုင်ခင် ဆိုင်ကယ်မတော်တဆဖြစ်လို့ သေဆုံးခဲ့ပါတယ်။ အသက် (၃၀) ရှိတဲ့ မာဆီကိုဟာ ပြီးခဲ့တဲ့စနေနေ့က သေဆုံးခဲ့တယ်လို့ မိသားစုက ထုတ်ပြန်ခဲ့ပါတယ်။ တောင်အာဖရိကလေတပ် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့…

66467449_2475126499184922_5536540314325483520_n.jpg

အိုလံပစ်ဆုတံဆိပ်ရှင်ရေကူးသမားက ရေနစ်နေတဲ့လိင်တူစုံတွဲကို အသက်ကယ်

အီတလီနိုင်ငံသား အိုလံပစ်ဆုတံဆိပ်ရှင် ရေကူးသမားက ရေနစ်နေတဲ့ ကြင်စဦး လိင်တူစုံတွဲကို အသက်ကယ်တင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကက်ဂလီယာရီမြို့ အရှေ့ဘက် ကာလာဆင်ဇီယက်စ်ကမ်းခြေရဲ့ ကမ်းလွန်ဘက်မှာ ဘီနီဒက်တိုနဲ့ သူ့ခင်ပွန်းက လေမှုတ်အရုပ် စီးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဘီနီဒက်တို ရေထဲပြုတ်ကျသွားပြီး…

66666245_2475126799184892_1917650653681811456_n.jpg

နိုင်ရာဂရာရေတံခွန်မှာ (၁၁၈) ပေအမြင့်ကပြုတ်ကျခဲ့သူ အသက်ရှင်

နိုင်ရာဂရာရေတံခွန်မှာ (၁၁၈) ပေအမြင့်က ပြုတ်ကျခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ ဒေသစံတော်ချိန် (၄) နာရီအချိန်က နိုင်ရာဂရာရေတံခွန်ရဲ့ မြေထိန်းနံရံပေါ် တက်ခဲ့တဲ့ အမျိုးသားတစ်ယောက် ပြုတ်ကျသွားတာကို ရဲတပ်ဖွဲ့က မြင်တွေ့ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ရေတံခွန်အောက်ဘက်မှာ…

66515533_2475126332518272_6519105158066995200_n.jpg

တပါးသူရဲ့သန္ဓေသားကို ကိုယ်ဝန်ဆောင်ပြီးမွေးဖွားခဲ့ရလို့ စုံတွဲ (၂) တွဲက သားဖွားဆေးရုံကိုတရားစွဲဆို

သူတို့ရဲ့ သန္ဓေသားကို တခြားအမျိုးသမီးထံ ထည့်ပေးပြီး တပါးသူရဲ့သန္ဓေသားကို သူတို့ထံ ထည့်ပေးခဲ့တဲ့အတွက် အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ စုံတွဲ (၂) တွဲက ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် သားဖွားဆေးရုံကို တရားစွဲဆိုထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ အန်နီနဲ့ အရှော့တို့ ဇနီးမောင်နှံဟာ…

66616444_2475127832518122_2343652624227631104_n.jpg

မြောက်ကိုရီးယားနိုင်ငံကိုဝင်ရောက်ခိုလှုံတဲ့ တောင်ကိုရီးယားနိုင်ငံသား

တောင်ကိုရီးယားနိုင်ငံသားတစ်ယောက်ဟာ မြောက်ကိုရီးယားနိုင်ငံကို ဝင်ရောက်ခိုလှုံခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ အာဏာရှင်စနစ်ကျင့်သုံးတဲ့အတွက် မြောက်ကိုရီးယားနိုင်ငံသားတွေ တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ခိုလှုံတာ မထူးခြားပေမဲ့ တောင်ကိုရီးယားနိုင်ငံသားတစ်ယောက် မြောက်ကိုရီးယားကို ဝင်ရောက်ခိုလှုံတာတော့ ကြုံတောင့်ကြုံခဲဖြစ်ရပ်ပါ။ ဒါပေမဲ့ ချိုအင်ဂတ်ရဲ့မိဘ (၂) ပါးက မြောက်ကိုရီးယားနိုင်ငံကို ဝင်ရောက်ခိုလှုံခဲ့ဖူးပါတယ်။ ချိုအင်ဂတ်ရဲ့အဖေဟာ…