2.12.2019.jpg

ပင်လယ်ပြင်ထဲက လူ့ငရဲကို အမြန်ဆုံး အဆုံးသတ်ကြပါစို့

ရန်ကုန်မြို့လယ်မှာ လူကုန်ကူးခံရပြီး ကျားဖောင်ပေါ် ရောင်းစားခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားလေးရဲ့ဖြစ်ရပ်ကြောင့် ကျားဖောင်လုပ်ငန်းကို လူတွေ ပိုပြီးအာရုံစိုက်မိလာကြပါတယ်။ ကျားဖောင်ဆိုတာ ငါးဖမ်းလှေတစ်မျိုးပါ။ အင်္ဂလန်ကျားဖောင်လို့လည်း ခေါ်ပါတယ်။ ကျားဖောင်တစ်စီးပေါ်မှာ ဦးစီးတစ်ယောက်နဲ့ လုပ်သား ၂ ယောက် ဒါမှမဟုတ် ၃…

25.11.2019.jpg

အရေးကြီးရင် သွေးနီးမှ

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုကို ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ရုံးစိုက်ရာ ဟော်လန်နိုင်ငံ သည်ဟိဂျ်မြို့မှာ ကြားနာသွားမှာဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးအပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့…

18.11.2019-1.jpg

ပရိသတ်တွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ Spoiler Alert

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးတစ်ပုဒ်နဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတစ်ခုနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြား အငြင်းပွားခဲ့ကြပါတယ်။ ရုံတင်ပြသနေဆဲ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဇာတ်လမ်းဇာတ်ကွက်တွေ ပေါ်အောင် ရေးသားခဲ့တယ်ဆိုပြီး အဲဒီမီဒီယာရဲ့လုပ်ရပ်ကို ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်က ရုံတင်ပြသခဲ့တဲ့ အဲဒီရုပ်ရှင်ကားဟာ ထုတ်လုပ်မှုကုန်ကျစရိတ် ကျပ်သိန်း…

zteditorial111119.jpg

သူရဲကောင်းမျှော်ဝါဒနဲ့ စည်းကမ်းလိုက်နာမှု

”စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။ လွတ်လပ်ရေးအရသာကို စံစားခံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်း ကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကိုယ် အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ သောက်ကျင့်တွေ ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော် ဒီကနေ့ပဲ ပြောချင်တယ်”. .…

4.10.2019.jpg

အာဆီယံထိပ်သီးအစည်းအဝေးရဲ့ လက်လွတ်မခံသင့်တဲ့ အကြောင်းအရာများ

”ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂရဲ့အေဂျင်စီတွေ လှုပ်ရှားခဲ့တဲ့ကာလက လက်ရှိအစိုးရသက်တမ်းထက် (၁၀)ဆပိုကြာနေလို့ ဒီကိစ္စ ဘယ်လောက်ရှုပ်ထွေးလဲဆိုတာကို သိလိမ့်မယ်” ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်) နိုဝင်ဘာလ ၁ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့တဲ့ (၃၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်…

yyl-29-001.jpg

ကမ္ဘာတစ်လွှား ဆန္ဒပြပွဲများ

သမိုင်းကြောင်းအရဆိုရင် ဖိနှိပ်ခံလူတန်းစားတွေက သူတို့ရဲ့ မကျေနပ်ချက်တွေကို အန်ထုတ်ဖို့၊ တောင်းဆိုမှုတွေလုပ်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတိုင်း အာမခံချက်(၈)ချက်ပေးရပြီး အဲဒီအာမခံချက်တွေထဲမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပါဝင်ပါတယ်။ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ဆန္ဒထုတ်ဖော်မှုတွေ ဒုနဲ့ဒေးပါပဲ။ ဟောင်ကောင်မြို့ မှာ…

yyl-21-033.jpg

လူပြောများနေတဲ့ မြန်မာဘောလုံးလောကရဲ့အရွေ့

အမျိုးသား လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ရာဂျူလိုဗစ်ကို နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းပြီး နည်းပြဟောင်း အန်တွမ်နီဟေးကို ပြန်လည်ခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)ရဲ့ လှုပ်ရှားမှုက လူပြောများခဲ့ပါတယ်။ ဂျာမန်နည်းပြ အန်တွမ်နီဟေးကို သဘောကျတဲ့ ပရိသတ်တွေက ဒီသတင်းကို ကြိုဆိုကြပေမဲ့ တချို့တွေကလည်း နည်းပြအပြောင်းအလဲများလွန်းနေတာကို…

editorial_14_10_2019.jpg

စကားသိက္ခာ ထိန်းသိမ်းရာ၏

“တိတ်တိတ်မနေ၊ ဆိုပါချေလည်း၊ မပြေမပြစ်၊ အထစ်ထစ်လျှင်၊ ကျစ်လျစ်မရှိ၊ အညိညိတည်း၊ ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုးသို့၊ အကျိုးအကြောင်း၊ ကောင်းကောင်းမမှန်၊ သမ္ဗာန်ပါဌ်လျှောက်၊ ရှေ့နောက်မညီ၊ အစီအလျဉ်၊ အဆင်မသင့်၊ တဖြင့်တပါး၊ ရယ်ဘွယ်များခဲ့ … “ ဒါကတော့ စကားပြောတဲ့အခါ၊…

7.10.2019.jpg

ကျေးဇူးသိသော လူ့အသိုက်အဝန်းနှင့် မျိုးဆက်တို့၏ တာဝန်

(၁) ကျွန်တော်တို့ ကျင်လည်ဖြတ်သန်းနေရာ မြန်မာလူ့အဖွဲ့အစည်းမှာ ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်၊ စည်းကမ်း၊ လုပ်ဆောင်သင့် လုပ်ဆောင်ဖွယ်ရာ တာဝန်၊ ဝတ္တရား …စတဲ့အရာတွေကို သူ့ကဏ္ဍနဲ့သူ သတ်မှတ်ပိုင်းခြား၊ လမ်းညွှန်ထားပြီးသားဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ သိင်္ဂါလောဝါဒသုတ်မှာ မိဘနဲ့ သားသမီး၊…

yyl-3-9-004.jpg

ဝါလကင်းလွတ် သီတင်းကျွတ်ကို ချစ်ကြသူတွေ

(၁) ခေတ်တစ်ခုရဲ့ ကျောရိုးပေါ်ဖြတ်လျှောက်ပြီး ခေတ်နောက်ကို အမီလိုက်နေရတဲ့ ဒီကနေ့ခေတ်လူငယ်တွေအနေနဲ့ ‘သီတင်း ကျွတ်’အကြောင်းပြောတဲ့အခါ ‘အဘိဓမ္မာအခါတော်နေ့’ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ စိတ်ဝင်စားချင်မှ စိတ်ဝင်စားကြ လိမ့်မယ်။ သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာ ရဟန်းသံ ဃာတော်များအတွက် ‘မဟာ ပဝါရဏာနေ့’ဖြစ်တယ်ဆိုတာ သိချင်မှ…