15-10-2021yyl05.jpg

သင့်ကို အသက်ကြီးတဲ့ပုံပေါက်စေတဲ့ အလေ့အထတချို့

အသက်အရွယ်ကြီးလာတာက ရှောင်လွှဲမရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာတာကတော့ ဒါက မဖြစ်သင့်တဲ့အရာပါပဲ။ ကျွန်တော်တို့အများစုက အသက်အရမ်းမကြီးသေးဘဲ ရုပ်ရင့်တဲ့ပုံပေါက်အောင် ကိုယ့်ကိုယ်ကိုယ် လုပ်မိနေတတ်ကြပါတယ်။ လုပ်လေ့လုပ်ထရှိတဲ့အလေ့အထတွေက ကျွန်တော်တို့ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေတယ်ဆိုတာကို သတိပြုမိသင့်ပါတယ်။ ဒါကြောင့် အရွယ်မတိုင်ခင်…

14-10-2021yyl02.jpg

Mask ဝတ်တာက ခေါင်းကိုက်စေနိုင်သလား

ကိုဗစ်ကာကွယ်ဆေးထိုးနှံထားတာက ကိုဗစ်ရောဂါကူးစက်တာကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါပေမဲ့ ကာကွယ်ဆေးထိုးပြီးတဲ့နောက်မှာတောင် Mask ဝတ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးများတဲ့နေရာတွေမသွားတာတွေကိုတော့ လိုက်နာသင့်ပါတယ်။ Mask က အပြင်သွားတိုင်း မဖြစ်မနေ ဝတ်ဆင်ရမှာပါပဲ။ Mask က ရောဂါကူးစက်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။…

Kids-SAD-medium.jpg

အကြပ်အတည်းကာလမှာ ကလေးငယ်တွေရော ပင်ပန်းနွမ်းနယ်၊ စိုးရိမ်ပူပန်မှုတွေ ကြုံတွေ့နိုင်လား

မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်နေတဲ့အတွက် အခုလိုအခက်အခဲ အကြပ်အတည်းကာလမှာ လူကြီးတွေတင်သာမက ကလေးတွေအနေနဲ့လည်း စိတ်ဖိစီးမှုတွေကို ကြုံတွေ့၊ ခံစားရတတ်ပါတယ်။ လူကြီးတွေအနေနဲ့ သူတို့ကြုံတွေနေရတဲ့ အခက်အခဲ၊ စိုးရိမ်ပူပန်မှု စတဲ့အကြောင်းအရာတွေကို စကားလုံးတိတိကျကျနဲ့ ဖော်ပြနိုင်ပေမယ့် ကလေးတွေကတော့ သူတို့စိတ်ထဲက ပင်ပန်းနွမ်းနယ်မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို…

13-10-2021yyl04.jpg

စပျစ်သီးခြောက်ရဲ့အာဟာရဓာတ်ပါဝင်မှုနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့အသီးခြောက်တွေအကြောင်းပြောမယ်ဆိုရင် ဇယားရဲ့ထိပ်ဆုံးမှာ အမြဲတမ်းရှိနေတဲ့ စပျစ်သီးခြောက်ကို ချန်ထားခဲ့လို့မရပါဘူး။ အခြောက်ခံထားတဲ့ စပျစ်သီးခြောက်က ကျန်းမာရေးအတွက် ကောင်းတဲ့အပြင် အရသာလည်းရှိပါတယ်။ စပျစ်သီးက အာဟာရဓာတ်ကြွယ်ဝယ်ဆိုတာကို ကျွန်တော်တို့တွေသိပြီးသားပါ။ စပျစ်သီးကို အခြောက်ခံလိုက်မယ်ဆိုရင် အာဟာရဓာတ်ပိုများပြီး ကယ်လိုရီသိပ်သည်းစေပါတယ်။ စပျစ်သီးခြောက်က အရှေ့အလယ်ပိုင်းဒေသကနေ…

UN040092.jpg

သဘာဝဘေးအန္တရာယ်ကျရောက်ပါက မိဘနဲ့ ကလေးငယ် ကွဲကွာနိုင်ချေကို လျော့ချပေးနိုင်မယ့် နည်းလမ်းများ

သဘာဝဘေးအန္တရာယ်တွေ ကျရောက်ပါက မိဘနဲ့ ကလေးသူငယ် ပြုစုစောင့်ရှောက်နေသူတွေ၊ ဆယ်ကျော်သက်ကလေးငယ်တွေအနေနဲ့ မိမိရဲ့ မိသားစုနဲ့ ကွဲကွာနိုင်ခြေတွေမဖြစ်ဖို့အတွက် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ မိဘနဲ့ ကလေးသူငယ်စောင့်ရှောက်သူတွေ ပြုလုပ်သင့်တဲ့ နည်းလမ်းတွေ ကလေးတွေနဲ့ အမြဲအတူရှိနိုင်ဖို့ ကြိုးစားပါ။ တကယ်လို့…

12-10-2021yyl06.jpg

ကလေးတွေရဲ့စိတ်ခံစားချက်ကောင်းစေမယ့် အကောင်းဆုံးအစားအစာများ

ကျန်းမာရေးနဲ့ညီညွှတ်တဲ့တစ်နေ့တာအစားအစာက ကျန်းမာရေးအတွက် ကောင်းတဲ့အပြင် စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။ မိဘတွေက သူတို့ရဲ့သားသားမီးမီးတွေကို ရွှင်လန်းတက်ကြွစေမယ့်နည်းလမ်းတွေရှာဖွေနေကြတဲ့အပြင် ကလေးတွေရဲ့စိတ်ခံစားချက်ကောင်းအောင် ဘာတွေကျွေးရမလဲဆိုတာကိုလည်း သိချင်နေကြပါတယ်။ ကလေးတွေရဲ့စိတ်ခံစားချက်ကောင်းပြီး ပျော်ရွှင်နေစေဖို့ဆိုရင် အောက်မှာ ဖော်ပြပေးထားတဲ့အစားအစာတွေကို ကျွေးလို့ရပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာ (အစေ့အဆန်) သင့်ကလေးကို အသင့်ပြုလုပ်ထားတဲ့အစားအစာ၊…

12-10-2021yyl01.png

သင်ကိုယ်တိုင် လေ့လာသင်ယူရမယ့် ဘဝသင်ခန်းစာများ

လူရယ်လို့ ဖြစ်လာရင် ဘယ်သူမဆို ဘဝမှာ အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ကြရမှာပါပဲ။ အဲဒီဘဝအခက်အခဲတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ဖို့တော့ လိုပါတယ်။ ဘဝမှာ ဝေဖန်ပြောဆိုမှု တွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ လောကဓံရဲ့ဖိအားတွေကို ကြုံတွေ့ရနိုင်တာကြောင့် မားမားမတ်မတ်ရပ်ပြီး တွန်းလှန်ပစ်နိုင်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိရပါမယ်။ သင့်ပတ်ဝန်းကျင်ကလူတွေဆီကနေ ဘဝသင်ခန်းစာတွေ…

11-10-2021yyl12.jpg

အိမ်မှာ နေရင်တောင် ခြေဗလာနဲ့ လျှောက်မသွားသင့်တဲ့ အကြောင်းအရင်း

အပြင်သွားတဲ့အခါ တစ်နေ့ကုန် ဖိနပ်စီးထားရတာကြောင့် အိမ်ပြန်ရောက်တာနဲ့ ဖိနပ်ချွတ်ချင်ကြတဲ့သူတွေရှိကြပါတယ်။ အိမ်ရောက်တာနဲ့ သက်တောင့်သက်သာနေချင်ကြတာပါ။ တကယ်တော့ အိမ်မှာနေရင်လည်း ဖိနပ်မပါဘဲ ခြေဗလာနဲ့ အိမ်ထဲလျှောက်မသွားသင့်ပါဘူး။ အိမ်ထဲမှာ အိမ်နေရင်းစီးဖိနပ်မပါဘဲ လျှောက်သွားတာက သင့်ခြေထောက်ကျန်းမာရေးနဲ့အလှတရားအတွက် မကောင်းတဲ့အကျိုးဆက်ရှိလာနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ ဖိနပ်မပါဘဲ…

8-10-2021yyl07.png

ပျင်းရိခြင်းကို အနိုင်ယူပစ်နိုင်မယ့် ဂျပန်နည်းဗျူဟာ

လူတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်တွေ၊ မျှော်မှန်းချက်တွေရှိကြပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ရယူပိုင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့တွေကိုယ်တိုင် ကြိုးစားအားထုတ်ရပါလိမ့်မယ်။ ဒါပေမဲ့ အများစုက ရည်မှန်းချက်တွေ အကောင်းအထည်ဖော်ဖို့အတွက် အချိန်ဆွဲတာ၊ ပျင်းရိတာ၊ ရည်မှန်းထားတာကို အောင်မြင်အောင်မလုပ်နိုင်တာတွေဖြစ်နေကြပါတယ်။ စိတ်ကူးနဲ့လက်တွေ့တစ်ထပ်တည်းမကျဖြစ်နေကြရပါတယ်။ ရည်မှန်းချက်ဖြစ်မြောက်ဖို့ဆိုရင် ကိုယ်ကိုယ်တိုင် စိတ်အားထက်သန်စွာနဲ့…

29-9-2021-yyl1.jpg

အဆီမကျဘဲ ကြွက်သားဆုံးရှုံးနေတယ်ဆိုတဲ့ လက္ခဏာရပ်တွေ

တချို့လူတွေက ကိုယ်အလေးချိန်ကျအောင် လုပ်နေကြပေမဲ့ ခန္ဓာကိုယ်က အဆီတွေကျမယ့်အစား ကြွက်သားတွေဆုံးရှုံးနေရပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကိုယ်အလေးချိန်ကျတယ်ဆိုတာ ခန္ဓာကိုယ်က အဆီပိုတွေဆုံးရှုံးပြီး ကြွက်သားတွေ ကျစ်လျစ်လာတာကို ဆိုလိုတာပါ။ ကိုယ်အလေးချိန်ကျဖို့လုပ်ဆောင်နေတဲ့ တချို့လူတွေက အဆီပိုတွေကျတယ်လို့ ယုံကြည်ပြီး ကြွက်သားပမာဏဆုံးရှုံးလာနေပါတယ်။ ကြွက်သားတွေဆုံးရှုံးတာကို ရေရှည်ဆိုမကောင်းပါဘူး။ ကျန်းမာရေးပြဿနာတွေ…