24-8-2022-yyl-08.jpg

ပင်မင်းစက်ထဲထည့်ဖို့ အကြွေလိုလို့ ထီထိုးရာကနေ ဒေါ်လာ ၂၅၀၀၀၀ ဆု ဆွတ်ခူးခဲ့သူ

အမျိုးသားတစ်ယောက်ဟာ ပင်မင်းစက်ထဲထည့်ဖို့ ငွေအကြွေလိုလို့ ထီဝင်ထိုးရာကနေ အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ဆု ဆွတ်ခူးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ နေထိုင်သူ ဟွမ်ဂါစီယာဟာ ပင်မင်းစက်ထဲ ထည့်ဖို့ ဒါဟမ်းမြို့ University Market မှာ အကြွေဝင်ဖြတ်ရင်း ထီထိုးခဲ့တာပါ။…

23-8-2022-yyl38.jpg

လူကောင်ညှက်လို့ အနိုင်ကျင့်ခံရတဲ့ကောင်လေး ဟောလိဝုဒ်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရပြီ

လူကောင်ညက်လို့ အတန်းဖော်တွေရဲ့ အနိုင်ကျင့်ခံခဲ့ရတဲ့ သြစတြေးလျကလေးငယ် ကွာဒင်ဘေးလက်စ်ဟာ အခုအခါမှာတော့ ဟောလိဝုဒ်ရုပ်ရှင်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ပါပြီ။ ကျောင်းမှာ အတန်းဖော်တွေ အနိုင်ကျင့်တဲ့အကြောင်း ငိုယိုပြီး ပြောနေတဲ့ ကွာဒင်ဘေးလက်စ်ရဲ့ ဗီဒီယိုကို သူ့အမေက လူမှုကွန်ရက်ပေါ် တင်လိုက်လို့ ဒီအကြောင်း…

23-8-2022-yyl-09.jpg

အချိန်ခဏလောက်မတွေ့ရတဲ့သခင်တွေနဲ့ ပြန်ဆုံတဲ့အခါ ခွေးလေးတွေက ဝမ်းသာမျက်ရည်ကျတယ်လို့ လေ့လာချက်အသစ်က ဆို

ခွေးလေးတွေဟာ သခင်တွေ အိမ်ပြန်လာပြီး သူတို့ကို နှုတ်ဆက်တဲ့အခါ ဝမ်းသာမျက်ရည်ကျတယ်ဆိုတဲ့ လေ့လာချက်အသစ်တွေ့ရှိထားပါတယ်။ ဂျပန်နိုင်ငံ၊ Azabu Universityရဲ့ပါမောက္ခတစ်ဦးက သူ့ရဲ့အိမ်မွေးခွေးလေးတစ်ကောင်ဟာ သူ့ရဲ့ခွေးပေါက်လေးတွေကို နို့တိုက်တဲ့အခါမှာ မျက်ရည်လည်နေတာကို သတိပြုမိခဲ့ပြီးနောက် ခွေးလေးတွေရဲ့မျက်ရည်တွေအကြောင်း သုတေသနလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ မကြာသေးခင်ကမှ ဒီသုတေသနပြုချက်ကို…

23-8-2022-yyl30.jpg

ဖိလစ်ပိုင်မှာ ၂ နှစ်ကျော်ပိတ်ထားတဲ့ ကျောင်းတွေ ပြန်ဖွင့်ပေမဲ့ မုန်တိုင်းကြောင့် တစ်ရက်အကြာမှာပဲ ပြန်ပိတ်ခဲ့ရ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့ ဖိလစ်ပိုင် စာသင်ကျောင်းတွေကို ပြန်ဖွင့်ပြီး တစ်ရက်အကြာမှာပဲ အပူပိုင်းမုန်တိုင်းကြောင့် ပိတ်ခဲ့ရပါတယ်။ အပူပိုင်းမုန်တိုင်း မာအွန် ( ဖိလစ်ပိုင်နိုင်ငံမှာ ဖလော်ရီတာဟု ခေါ်ဆို)ဟာ သြဂုတ်လ ၂၃ ရက်…

23-8-2022-yyl-05.jpg

ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် (၁၄) ခုကို (၂) ကြိမ်တိုင် တက်ခဲ့တဲ့ နီပေါနိုင်ငံသား

အမြင့်ဆုံးတောင်တွေကို တက်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင် (၁၄) ခုရှိတာကို လူတိုင်းသိပြီးသားဖြစ်မှာပါ။ အဲဒီတောင်တွေရဲ့ထိပ်ကို နီပေါနိုင်ငံသားတောင်တက်သမားတစ်ဦးက နှစ်ကြိမ် တက်ခဲ့တာပါ။ သူကတော့ ဆာနူ ဆိုသူပါ။ တောင်တက်သမား ဆာနူက နီပေါနိုင်ငံမှာ တည်ရှိတဲ့ မီတာ…

23-8-2022-yyl-01.jpg

ဘတ်စ်ကားမှတ်တိုင်မှာ ထိုင်စရာမရှိလို့ ရပ်နေကြတဲ့လူတွေကို မြင်ပြီး ခုံတန်းတွေ ဆောက်လုပ်ပေးခဲ့သူ

ဘတ်စ်ကားစောင့်ဆိုင်းရတဲ့ခံစားချက်ကို ဘတ်စ်ကားစီးတဲ့သူတိုင်းသိကြမှာပါ။ အထူးသဖြင့် ကားစောင့်ရင်း ထိုင်စရာနေရာမရှိရင် ပိုဆိုးပါတယ်။ ဒန်ဗားမြို့က ဂျိမ်းစ် ဝါရမ်ဆိုရင် ဘတ်စ်ကားစောင့်တဲ့အများသူငှာတွေကို ကိုယ်ချင်းစာမိတဲ့အတွက် ထိုင်စရာနေရာရှိဖို့ ထိုင်ခုံတွေ ကိုယ်တိုင်လုပ်ပြီး မှတ်တိုင်တွေမှာထားပေးခဲ့ပါတယ်။ ဘတ်စ်ကားစောင့်ရင်း မှတ်တိုင်မှာ ထိုင်စရာမရှိလို့ ညစ်ပေနေတဲ့မြေကြီးပေါ်မှာ ထိုင်နေတဲ့…

22-8-2022-yyl-11.jpg

တောင်ကို ဖောက်ပြီး ဆောက်ထားတဲ့ အိမ်

ဆွစ်ဇာလန်နိုင်ငံ ဗဲလ်စ်ရွာမှာ တောင်ကိုဖောက်ပြီး အိမ်ဆောက်ထားတာပါ။ အိမ်ရဲ့ မျက်နှာဝက ဘဲဥပုံရှိပြီး အောက်ထပ်မှာ ကြီးမားတဲ့ဝင်ပေါက် ရှိပါတယ်။ အပေါ်ထပ်မှာ ရှုခင်းကြည့်ဖို့ ပြတင်းပေါက်ကျယ် တစ်ပေါက်ရှိပြီး ဘေးပတ်လည်မှာလည်း ပြတင်းပေါက်တွေ ဖောက်ထားပါတယ်။ တစ်ဖက်ပိတ် အိမ်ဖြစ်လို့ အလင်းရောင်ကောင်းကောင်းရအောင်…

22-8-2022-yyl-10.jpg

မီးလောင်နေတဲ့ အဆောက်အဦးထဲက လူ (၂) ဦးကို ကယ်တင်ခဲ့တဲ့အပြင် ခရီးသည်ကိုလည်း အချိန်မီ လေဆိပ်ပို့ပေးနိုင်ခဲ့တဲ့ အငှားယာဉ်မောင်းသမား

Uber ယာဉ်မောင်းသမား ဖရစ်ဇ် ဆမ်ဟာ LaGardia လေဆိပ်ကို သွားမယ့် ခရီးသည်တစ်ဦးကိုတင်ဆောင်လာခဲ့ပါတယ်။ Bed-Stuy ရပ်ကွက်နားရောက်တော့ အဆောက်အဦးတစ်ခု မီးလောင်နေတာကို မြင်လိုက်ရပါတယ်။ အဆောက်အဦးရဲ့ဒုတိယထပ်တိုက်ခန်းကနေ မီးတောက်တွေထွက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ မီးလောင်တာ တော်တော်လေးပြင်းထန်ပုံရတာကြောင့် ဆမ်က ချက်ခြင်းပဲ…

22-8-2022-yyl-09.jpg

မြင့်တက်လာတဲ့ စွမ်းအင်ကုန်ကျစရိတ်တွေကြောင့် ဝန်ထမ်းတွေကို လစဉ် ဘောနပ် ပေါင် ၂၀၀ ပေးနေတဲ့ ဗြိတိန်ကုမ္ပဏီသူဌေး

ဗြိတိန်နိုင်ငံက ဆက်သွယ်ရေးစက်ပစ္စည်းကိရိယာတွေ ထုတ်လုပ်ဖြန့်ဖြူးတဲ့ကုမ္ပဏီတစ်ခုရဲ့မန်နေးဂျင်းဒါရိုက်တာဟာ စွမ်းအင်ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် သူ့ကုမ္ပဏီဝန်ထမ်းတွေကို အကူအညီပေးတဲ့အနေနဲ့ လစဉ် ဘောနပ် ပေါင် ၂၀၀ ပေးနေပါတယ်။ သူကတော့ 4Com ကုမ္ပဏီရဲ့ ဒါရွန် ဟက်တ်ဆိုသူပါ။ ဒါရွန်ဟာ ပြီးခဲ့တဲ့အပတ်က သူ့ရဲ့အဖွဲ့သားတွေကို…

22-8-2022-yyl-08.jpg

တရားဝင်အီတလီနိုင်ငံသားဖြစ်သွားခဲ့တဲ့ ဆီနီဂေါနိုင်ငံဖွား ခါဘီလာမဲ

ဆီနီဂေါနိုင်ငံဖွား ဖော်လိုဝါအများဆုံး TikTok ဘုရင် ခါဘီလာမဲ့ဟာ တရားဝင်အီတလီနိုင်ငံသားဖြစ်သွားခဲ့ပါပြီ။ သူဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တျူးရင်းမြို့အပြင်ဘက် ချီဗက်ဆိုမှာ အီတလီနိုင်ငံသားအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာပါ။ အသက် ၂၂ နှစ်အရွယ် ခါဘီလာမဲဟာ (၁) နှစ်အရွယ်မှာ ဇာတိမြေ ဆီနီဂေါနို်ငငံကနေ…