yyl-024-7.jpg

ကက်ရှ်မီးယားဒေသမှာ ရေခဲနဲ့ဆီးနှင်းပြိုကျလို့ အနည်းဆုံး လူ ၅၅ ယောက်သေဆုံး

ပါကစ္စတန်နိုင်ငံက စီမံခန့်ခွဲနေတဲ့ ကက်ရှ်မီးယားဒေသမှာ ရေခဲနဲ့ ဆီးနှင်းပြိုကျတာ၊ မြေပြိုကျတာတွေကြောင့် အနည်းဆုံး လူ ၅၅ ယောက် သေဆုံးပြီး လူ ၁၀ ယောက် ပျောက်ဆုံးနေပါတယ်။ ကက်ရှ်မီးယားဒေသရဲ့ နီလမ်တောင်ကြားကနေ ထိခိုက်ပျက်စီးမှု အဆိုးရွားဆုံးဖြစ်ခဲ့ပြီး လူတော်တော်များများလည်း…

yyl-023-7.jpg

အရေးပေါ်ဆင်းသက်မယ့်လေယာဉ်က စာသင်ကျောင်းပေါ်ကို လောင်စာဆီ ဖောက်ချ

လော့စ်အိန်ဂျလိစ်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရေးပေါ်ဆင်းသက်ဖို့ ကြိုးစားနေတဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းက ကျောင်းအားကစားကွင်းပေါ်ကို လောင်စာဆီတွေ ဖောက်ချခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး ကလေးငယ် ၁၇ ယောက်နဲ့ အရွယ်ရောက်ပြီးသူ တော်တော်များများကို အရေပြား ယားယံမှု၊ အသက်ရှုကျပ်တဲ့ ဝေဒနာတွေအတွက် ကုသပေးခဲ့ရပါတယ်။…

yyl-015-7.jpg

ဂျကာတာမြို့က ဇွန်လကစပြီး ဈေးဝယ်စင်တာနဲ့ စူပါမားကတ်တွေမှာ ပလတ်စတစ်အိတ်သုံးစွဲမှုကို တားမြစ်သွားမယ်

အခုနှစ်ဇွန်လကစပြီး စတိုးဆိုင်တွေ၊ စူပါမားကတ်တွေနဲ့ ဈေးဆိုင်တွေမှာ တစ်ခါသုံးပလတ်စတစ်အိတ်သုံးစွဲမှုကို တားမြစ်သွားမယ်လို့ ဂျကာတာမြို့ရဲ့အုပ်ချုပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဂျကာတာဥပဒေဌာနရဲ့အကြီးအကဲ ယာယန် ယူဟာနာက “ဒီဇင်ဘာ ၃၁ရက်နေ့က စည်းမျဉ်းသတ်မှတ်ပြီးတဲ့နောက်မှာ တားမြစ်ပိတ်ပင်တာတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့က အချိန် (၆) လလောက်ယူရမှာပါ” လို့…

yyl-012-8.jpg

ဟားဗတ်ဘွဲ့ရ ကိုရီးယား အမေရိကန်ကပြား နာဆာရဲ့ အာကာသယာဉ်မှူးဖြစ်လာ

အသက် (၃၅) နှစ်အရွယ် ဂျွန်နီ ကင် (Jonny Kim) ဆိုတဲ့ အမျိုးသားတစ်ဦးဟာ ဟာဗတ်ဆေးကျောင်းကနေ ဘွဲ့ရခဲ့ပြီး ရေတပ်သားတစ်ဦးအဖြစ် နိုင်ငံရပ်ခြားမှာ အလုပ်ထမ်းဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကမှ သူဟာ နာဆာရဲ့ပထမဆုံး ကိုရီးယားအမေရိကန်ကပြား အာကာသယာဉ်မှူး ဖြစ်လာခဲ့ပါတယ်။…

yyl-035-5.jpg

(၅)နှစ်လုံးလုံး ထမင်းနဲ့ ငရုတ်သီးပဲစားပြီး မောင်အတွက် ဆေးဖိုးရှာခဲ့သူ ကွယ်လွန်ပြီ

(၅)နှစ်လုံးလုံး တစ်နေ့ကို (၂)ယွမ်(မြန်မာငွေ ၄၃၂ ကျပ်)ပဲ သုံးပြီး ထမင်းနဲ့ ငရုတ်သီးပဲ စားခဲ့လို့ အာဟာရပြတ်လပ်မှု ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ တရုတ်ကျောင်းသူ ကွယ်လွန်သွားပြီလို့ တရုတ်မီဒီယာတစ်ခုက ဖော်ပြပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိပေမဲ့ ခန္ဓာကိုယ်အလေးချိန်(၄၃)ပေါင်ကျော်ပဲရှိတဲ့ ဝူဟွာယန်(Wu Huayan)ရဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာချိန်မှာ…

yyl-020-5.jpg

အရွယ်ရောက်လာပြီဖြစ်တဲ့ ကမ္ဘာ့အလှဆုံးကောင်မလေး

၂၀၁၇ခုနှစ်က ကမ္ဘာ့အလှဆုံးကောင်မလေးအဖြစ် အန်နက်တက်ဆီယား ကာယားဇီဗာဆိုတဲ့ ကလေးမော်ဒယ်ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ သူ့ကို မော်ဒယ်အီရီနာရှက်ခ် (Irina Shayk) အသေးစားလေးလို့လည်းခေါ်ခဲ့ကြပါတယ်။ သူဟာ Vogue မဂ္ဂဇင်းမှာ ပါဝင်ခဲ့ရတဲ့ အငယ်ဆုံးမော်ဒယ်လည်းဖြစ်ခဲ့ပါတယ်။ သူ့ရဲ့လှပတဲ့အပြာရောင်မျက်လုံးတွေ၊ အညိုရောင်ဆံပင်ရှည်၊ နတ်သမီးမျက်နှာလေးတို့ပေါင်းစပ်လိုက်တဲ့အခါမှာ လူတော်တော်များများရဲ့နှလုံးသားကို…

yyl-010-6.jpg

တောမီးကြောင့် ဆာလောင်မွတ်သိပ်နေတဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက် သြစတြေးလျအာဏာပိုင်တွေက အစားအစာတွေ ထောက်ပံ့ပေးနေ

သြစတြေးလျ အာဏာပိုင်တွေဟာ တောမီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် အစာရေဆာပြတ်လပ်မှု တွေရှိနေတဲ့ ဝါလဘီတိရစ္ဆာန်(သားပိုက်ကောင်အသေးစား) တွေအတွက် အစားအစာတွေရရှိအောင် ဆောင်ရွက်လို့နေပါတယ်။ လေယာဉ်နဲ့ နယူး ဆောက်သ် ဝေးလ်ကို ဖြတ်သန်းကာ မုန်လာဥနီနဲ့ ကန်စွန်းဥပေါင်ချိန် ထောင်ပေါင်းများစွာကို ကောင်းကင်ပေါ်ကနေ ပစ်ချပေးခဲ့ပါတယ်။…

C3.jpg

တရုတ်နိုင်ငံမှာ ဘတ်စ်ကားတစ်စီး မြေမျိုခံရလို့ အနည်းဆုံး လူ ၆ ယောက် သေဆုံး

တရုတ်နိုင်ငံ အလယ်ပိုင်းက လမ်းပေါ်မှာ မြေကျွံကျပြီး တွင်းပေါက်ကြီး ဖြစ်ပေါ်ခဲ့လို့ ဘတ်စ်ကားတစ်စီးနဲ့ လမ်းသွားလမ်းလာတွေ ပြုတ်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ညနေပိုင်းက ချင်ကိုင်ပြည်နယ်မြို့တော် ရှီနင်းမြို့ ဆေးရုံအပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၆ ယောက်သေဆုံးခဲ့ပြီး လူ…

34-1.jpg

သြစတြေးလျတောမီးကနေ ထွက်ပေါ်လာတဲ့ မီးခိုးတွေ ကမ္ဘာတစ်ပတ် ပြည့်တော့မယ်

သြစတြေးလျတောမီးလောင်ကျွမ်းမှုကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ မကြာခင် ကမ္ဘာတစ်ပတ်ပတ်ပြီး သြစတြေးလျနိုင်ငံကို ပြန်ရောက်လာလိမ့်မယ်လို့ နာဆာအဖွဲ့က ပြောပါတယ်။ သြစတြေးလျနိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ လနဲ့ချီ လောင်ကျွမ်းခဲ့တဲ့ တောမီးအကြီးအကျယ် လောင်ကျွမ်းမှုကနေ ထွက်ပေါ်လာတဲ့ မီးခိုးတွေဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းခဲ့ပါတယ်။ နှစ်သစ်ကူးနေ့ဝန်းကျင်မှာ…

yyl-006-6.jpg

အဆိပ်ရှိတဲ့ ကင်းမြီးကောက်တွေကို သီရိလင်္ကာနိုင်ငံကနေ ခိုးထုတ်ဖို့ တရုတ်နိုင်ငံသား ကြိုးပမ်း

သီရိလင်္ကာနိုင်ငံထဲကနေ အဆိပ်ပြင်း ကင်းမြီးကောက် ၂၀၀ နီးပါး ခိုးထုတ်ဖို့ ကြိုးပမ်းခဲ့တဲ့ တရုတ်နိုင်ငံသားတစ်ယောက်ကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့ပါတယ်။ ပလတ်စတစ်ပုံးတွေနဲ့ ထည့်ထားတဲ့ ကင်းမြီးကောက်အရှင်တွေကို ကိုလမ်ဘိုလေဆိပ်ရဲ့ လုံခြုံရေးအရာရှိတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။ အဲဒီအမျိုးသားဟာ တရုတ်နိုင်ငံကိုရောက်ရင် ကင်းမြီးကောက်တွေကို အဆိပ်ထုတ်ဖို့…