yyl-18-012.jpg

နှစ်သက်တမ်း(၅၀၀)ရှိတဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ပန်းချီကားကို ပဲရစ်မြို့ ပြတိုက်ထံ ပို့ဆောင်မယ်

အီတလီနိုင်ငံပြင်ပကို သယ်မသွားနိုင်အောင် ဥပဒေကြောင်းအရ ကြိုးပမ်းခဲ့ပေမဲ့ ကမ္ဘာကျော်ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီရဲ့ ဗီထရူဗီယန်အမျိုးသား(Vitruvian Man)ပန်းချီကားကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က လုဗ်ပြတိုက်ထံ ပို့ဆောင်ဖို့ ရှိနေပါတယ်။ လီယိုနာဒိုဒါဗင်ချီ ကွယ်လွန်တဲ့ နှစ်(၅၀၀)ပြည့် အထိမ်းအမှတ်အဖြစ် လုဗ်ပြတိုက်မှာ ပန်းချီပြပွဲ ကျင်းပဖို့စီစဉ်နေပါတယ်။…

yyl-18-011.jpg

ဟောင်ကောင်မြို့ ဆန္ဒပြခေါင်းဆောင်တစ်ဦး တူနဲ့ထုခံရလို့ ဆေးရုံရောက်

ဟောင်ကောင်မြို့ရဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြခေါင်းဆောင်တစ်ယောက်ဟာ တူနဲ့ထုနှက်ခံခဲ့ရလို့ ဆေးရုံရောက်ခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ Civil Human Rights Front(CHRF)အဖွဲ့ခေါင်းဆောင် ဂျင်မီရှမ်းဟာ သွေးအလိမ်းလိမ်းနဲ့ လမ်းပေါ်လဲကျနေတာ တွေ့ရပါတယ်။ ကာလွန်းကျွန်းဆွယ်၊ မုန်းကော့ခရိုင်မှာ တူတွေကိုင်ထားတဲ့ အမျိုးသား(၅)ယောက်က…

yyl-18-010.jpg

မြောက်ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးတောင်ပေါ် မြင်းစီးတက်ခဲ့တဲ့ ကင်ဂျုံအန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံရဲ့အမြင့်ဆုံးတောင်ပေါ်ကို မြင်းစီးတက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ KCNA သတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ ဆီးနှင်းဖုံးလွှမ်းနေတဲ့ ပက်တူတောင်ပေါ်မှာ ကင်ဂျုံအန်က မြင်းဖြူကြီးကို စီးနေတာ တွေ့ရပါတယ်။ မီတာ ၂၇၅၀ မြင့်မားတဲ့ ပက်တူတောင်ပေါ်ကို…

yyl-18-009.jpg

အီဂျစ်နိုင်ငံမှာ ရှေးဟောင်းအခေါင်း ၂၀ ကျော် တွေ့ရှိ

အီဂျစ်နိုင်ငံက ရှေးဟောင်းပညာရှင်တွေဟာ လူဇွာမြို့အနီးကနေ ရှေးဟောင်းသစ်သားအခေါင်း ၂၀ ကျော် တွေ့ရှိခဲ့ပါတယ်။ ဆေးရောင်မပြယ်သေးတဲ့ သစ်သားအခေါင်းတွေကို နိုင်းမြစ်အနောက်ဘက်ကမ်းပါးပေါ်မှာရှိတဲ့ အဆာဆစ်မြို့၊ သီဘန်သုဿန်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ သစ်သားအခေါင်းတွေကို ကန့်လန့်ဖြတ်ပုံစံ နှစ်ဆင့်ထပ်ထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အကြီးမားဆုံးနဲ့ အရေးအပါဆုံး…

yyl-18-008.jpg

ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ အခြေအနေစိုးရိမ်စရာမရှိ

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက သမ္မတအိမ်တော်ဝင်းထဲမှာ ဆိုင်ကယ်ပတ်စီးနေတုန်း ပြုတ်ကျခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်စရာမရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ အသက်(၇၄)နှစ်အရွယ်ရှိပေမဲ့ ဆိုင်ကယ်စီးရတာကို ဝါသနာထုံတဲ့ ဒူတာတေးဟာ အရင်တုန်းကလည်း ဆိုင်ကယ်စီးရာကနေ ဇက်မှာ သေရာပါ အာရုံကြောဒဏ်ရာရခဲ့ပြီး ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာကို…

yyl-18-007.jpg

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ချိန်မှာ ဂျပန်ခိုလှုံရေးစခန်းက အိမ်ရာမဲ့အမျိုးသား(၂)ယောက်ကို မောင်းထုတ်

ဂျပန်နိုင်ငံမှာ ဆယ်စုနှစ်(၆)ခုအတွင်း အဆိုးရွားဆုံး တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေတုန်း ခိုလှုံရေးစခန်းတစ်ခုက အိမ်ရာမဲ့အမျိုးသား(၂)ယောက်ကို မောင်းထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အားလပ်ရက်က ဂျပန်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဟာဂျီဘစ်တိုက်ခတ်လို့ တစ်နာရီ မိုင် ၁၄၀ နှုန်းအထိ လေပြင်းတိုက်ခတ်ပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပါတယ်။ အဲဒီအတွက်…

yyl-18-006.jpg

မြေအိုးထဲထည့်ပြီး အရှင်လတ်လတ် မြှုပ်ခံရတဲ့ ကလေးငယ် အသက်လုနေရ

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မြေအိုးထဲထည့်ပြီး အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရတဲ့ ကလေးငယ်ဟာ အသက်လုနေတုန်းပဲလို့ သူ့ရဲ့ဆရာဝန်က ပြောပါတယ်။ ရွာသားတစ်ယောက်က အသေမွေးဖွားလာတဲ့ သူ့သမီးလေးကို မြေမြှုပ်ဖို့ မြေကျင်းတူးရာကနေ မြေကျင်းတိမ်တိမ်မှာ မြှုပ်ခံထားရတဲ့ မွေးကင်းစ မိန်းကလေးငယ်ကို တွေ့ရှိခဲ့တာပါ။ ”သူတို့က ၃…

yyl-17-048.jpg

ကော်ဖီဖျော်ဆရာတစ်ဦးရဲ့ ကော်ဖီပေါ်မှာ ဆယ်လီပုံတူတွေ ရေးဆွဲဖန်တီးတဲ့အနုပညာလက်ရာ

ကော်ဖီဖျော်ဆရာတစ်ဦးက ကော်ဖီဖျော်ရင်းနဲ့ နာမည်ကြီးလာမယ်လို့ ဘယ်သူက တွေးမိမှာလဲနော်။ ကော်ဖီဖျော်ဆရာဘရိန်းလို့ လူသိများတဲ့ ဘရိန်း လီယိုနက် (Brian Leonard) ဆိုတဲ့အမျိုးသားက ကော်ဖီဘားတစ်ခုမှာ ကော်ဖီဖျော်ရင်းနဲ့ နာမည်ကြီးသွားပြီး ဆယ်လီတွေနဲ့လည်း တွေ့ခွင့်ရခဲ့ပါတယ်။ သူဟာ ကော်ဖီဖျော်တဲ့အခါ ကော်ဖီပေါ်မှာ…

yyl-17-036.jpg

ဒေါင်းဆင်ဒရုန်းဝေဒနာရှင် ဖခင်အကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြောပြခဲ့တဲ့ လူငယ်လေး

ဆီးရီးယားနိုင်ငံက အသက် (၂၁) နှစ်အရွယ် ဆာဒါ အစ်စ်ဆာ (Sader Isssa) ဆိုတဲ့လူငယ်တစ်ဦးဟာ သွားဆေးတက်နေတဲ့ တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဒေါင်းဆင်ဒရုန်းဝေဒနာရှင်ဖခင် ဂျိတ် အစ်စ်ဆာ (Jad Issa)ရဲ့ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့တဲ့သူပါ။ သူ ငယ်ငယ်လေးကတည်းက…

yyl-17-021.jpg

ဒရုန်း (Drone) ကြောင့် ပျောက်နေတဲ့ကလေးလေးကို ပြန်ရှာတွေ့

မင်နီဆိုးတားပြည်နယ်က အသက် (၆) နှစ်အရွယ်ကလေးလေးဟာ (၁၀) နာရီနီးပါးလောက် ပျောက်နေခဲ့ပြီးတဲ့နောက်မှာ အန္တရာယ်ကင်းကင်းနဲ့ ပြောင်းခင်းထဲမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။ အခုလိုပြန်ရှာတွေ့ခဲ့တာက ဒရုန်း (Drone) ကြောင့်ဖြစ်တယ်လို့ မင်နီဆိုးတားပြည်နယ်က အာဏာပိုင်တွေက ဆိုပါတယ်။ အီသန် (Ethan) လို့အမည်ရတဲ့…