20170616_large1.jpg

တစ်ပတ်တာ နိုင်ငံတကာသတင်းတို

အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်ပေးမယ့် တစ်ပတ်တာ နိုင်ငံတကာသတင်းတို အစီအစဉ်မှာတော့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာပါ။

erin-abby-delaney2-1.jpg

အထူးခြားဆုံး အမြွှာ ညီအစ်မကို အောင်အောင်မြင်မြင် ခွဲစိတ်နိုင်ခဲ့

ခန္ဓာကိုယ် အစိတ်အပိုင်းချင်း ဆက်နေတဲ့ အမြွှာတွေထဲမှာ ဖြစ်နိုင်ခြေ အနည်းဆုံးနဲ့ အထူးခြားဆုံး အမြွှာ ညီအစ်မ နှစ်ဦးကို အောင်အောင်မြင်မြင် ခွဲစိတ်နိုင်ခဲ့ပါတယ်။

96457728_dck78bfxyae8jw_.jpg

ပြိုကျခဲ့တဲ့ ၇ ထပ်တိုက် အပျက်အစီးတွေကြားထဲကနေ ကလေးနှစ်ယောက်ကို ကယ်တင်နိုင်ခဲ့

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှာ ၇ ထပ်တိုက်တစ်လုံး ပြိုကျခဲ့ပြီး၂၄ နာရီမပြည့်မီ အချိန်အတွင်း အပျက်အစီးတွေကြားထဲကနေ ကလေးငယ်နှစ်ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ 

1497344856drake-ronaldo.jpg

ဝင်ငွေအများဆုံး ဆယ်လီတွေ စာရင်းမှာ ဘယ်သူတွေပါသလဲ

၂၀၁၇ ခုနှစ်ရဲ့ ဝင်ငွေအများဆုံး ဆယ်လီ အယောက် တစ်ရာ စာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းမှာ ဘယ်သူပါလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။

DCQGa0eWsAArUdd.jpg

မီးသတ်သမား ၂၀၀ ကျော် ငြိမ်းသတ်နေရတဲ့ လန်ဒန်မြို့က မီးလောင်မှု

မီးလောင်တဲ့ Greenfell Tower အဆောက်အဦတစ်ခုလုံးဟာ ၁၉၇၀ ခုနှစ်ခန့်က တည်ဆောက်ခဲ့တာဖြစ်ပြီး Apartment ပေါင်း ၁၂၀ ရှိပါတယ်။ မီးဟာ ညပိုင်းမှာ လောင်ကျွမ်းခဲ့တာဖြစ်တဲ့အတွက် အဆောက်အဦမှာ နေထိုင်သူအများစုဟာ အိမ်ရာထဲမှာ ရှိနေကြပါတယ်။ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေကတော့…

teen_punishment_tattoo.jpg

စက်ဘီးခိုးတယ်လို့ စွပ်စွဲခံရတဲ့ လူငယ်နဖူးမှာ ”ကျွန်တော် သူခိုးပါ”ဆိုတဲ့ တက်တူးထိုးခံခဲ့ရ

လူငယ်တစ်ယောက်ရဲ့ နဖူးပေါ်မှာ ”ကျွန်တော် သူခိုးပါ” ဆိုတဲ့ တက်တူးထိုးခဲ့တဲ့အတွက် အမျိုးသားနှစ်ယောက်ကို နှိပ်စက်ညှဉ်းပန်းမှုနဲ့ စွဲချက်တင်ပြီး ဘရာဇီးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

19029603_1518138564883725_6288777747500292107_n.jpg

လုယက်ခံရတဲ့ ငှက်ပျောသီးသည် အဘိုးအိုကိုလူအများ ဝိုင်းဝန်းကူညီခဲ့

လုယက်ခံရလို့ အင်ဒိုနီးရှားငွေ တစ်သန်း (အမေရိကန်ဒေါ်လာ ၈၀) ကျော် ပါသွားတယ်ဆိုတဲ့ ငှက်ပျောသီးသည် အဘိုးအိုကို စေတနာရှင်တွေက ဝိုင်းဝန်း ကူညီပံ့ပိုးပေးခဲ့ရာမှာ အင်ဒိုနီးရှားငွေ ၃၇ သန်း ရရှိခဲ့ပါတယ်။

bs05cukxlwjf569zwx2m.png

ခွဲမရအောင်တူတဲ့သူတွေ့လို့ ဓားပြမှုနဲ့ ထောင်ထဲမှာ ၁၇ နှစ် နေခဲ့ရသူ ပြန်လည်လွတ်မြောက်လာ

ဓားပြမှုနဲ့ ထောင်ထဲမှာ ၁၇ နှစ်ကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူတစ်ဦးဟာ သူနဲ့ ချွတ်စွပ်တူတဲ့ လူတစ်ယောက်ရှိတယ်လို့ ပြသနိုင်ခဲ့ပြီးနောက်မှာ ထောင်က ပြန်လွတ်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ်မှာနေတဲ့ ရစ်ချက်အန်သိုနီဂျုံးစ်ဟာ ၁၉၉၉ ခုနှစ်က ဓားပြမှုနဲ့ ထောင်ဒဏ် ၁၉…

20170612_large.jpg

နိုင်ငံ ၆၀ ကျော်ကို စက်ဘီးစီးပြီး ဖြတ်ကျော်ခဲ့တဲ့ အမျိုးသမီးငယ်

တောင်ကိုရီးယား အမျိုးသမီးငယ်တစ်ဦးဟာ ၂၀၁၁ ခုနှစ်မှာ ဆန်ဖရန်စ္စကိုမြို့ကစပြီး တစ်ကိုယ်တော် စက်ဘီးစီးရင်း နိုင်ငံတွေကို ဖြတ်ကျော်ခဲ့လာတာ အခုဆိုရင် နိုင်ငံပေါင်း ၆၆ နိုင်ငံတောင် ရောက်ရှိပြီးခဲ့ပါပြီ။ သူဖြတ်သန်းလာခဲ့တဲ့ ခရီးလမ်းက မြောက်အမေရိကတိုက်၊ အာဖရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသတွေဖြစ်ပြီး…