1-7-2020-yyl-028.jpg

အဲဗာတန်က ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်စွမ်းရှိလာလိမ့်လို့ အန်စလော့တီ ပြော

သိပ်မဝေးတော့တဲ့ အနာဂတ်ကာလမှာ အဲဗာတန်အသင်းက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ဝါရင့်နည်းပြ အန်စလော့တီက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မာကိုဆေးလ်ဗားကို နည်းပြရာထူးက ထုတ်ပယ်ပြီး အန်စလော့တီကို အစားထိုးခန့်အပ်ချိန်မှာ အဲဗာတန်အသင်းက တန်းဆင်းဇုန်နဲ့ ၄ မှတ်ပဲ ကွာဝေးတဲ့နေရာမှာ…

29-6-2020-yyl-028.jpg

လှုပ်လှုပ်ရှားရှား မနေဘဲ အထိုင်များခြင်းက ကင်ဆာရောဂါ ဖြစ်နိုင်ချေပိုများ

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ တချို့က ရုံးပြန်တက်နေကြရပြီး တချို့ကတော့ အိမ်ကနေအလုပ်လုပ်နေကြရတုန်းပါပဲ။ အိမ်ကနေအလုပ်လုပ်ရတာက ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကနေ ကင်းဝေးနိုင်ပေမယ့် အခြားပြဿနာတော့ရှိနိုင်ပါတယ်။ အဲဒါကတော့ ကိုယ်လက်လှုပ်ရှားမှုမရှိတော့ဘဲ အထိုင်များလာကြတာပါပဲ။ ရုံးမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ထိုင်ရာကနေမထတော့ဘဲ ထိုင်ပြီးအလုပ်လုပ်မယ်ဆိုရင် သင့်ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ အလုပ်လုပ်တဲ့အခါ…

25-6-2020-yyl-021.jpg

ပန်းပင် (၂၀၀၀) ကျော်ကို ပရိသတ်လို သဘောထားပြီး ဖျော်ဖြေခဲ့တဲ့ စပိန်အော်ပရာပွဲ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်းမှာ လူစုလူဝေးဖြစ်စေနိုင်တဲ့ ကပွဲ၊ ဖျော်ဖြေပွဲ၊ ပြဇာတ်ပွဲအပါအဝင် အခမ်းအနားပွဲ တော်တော်များများကျင်းပတာကို ပိတ်သိမ်းထားခဲ့ရတာပါ။ အခုတော့ တချို့နိုင်ငံတွေမှာ တင်းကြပ်မှုတချို့ကို ဖြေလျော့ပေးနေပြီး တချို့နေရာတွေကို ပြန်ဖွင့်ခွင့်ပေးတော့မှာဖြစ်ပါတယ်။ ဇွန်လ ၂၂ ရက်နေ့ကလည်း စပိန်နိုင်ငံက EI…

25-6-2020-yyl-017-1.jpg

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အမေရိကန်ခရီးသည်တွေကို ဝင်ခွင့်ပေးဖွယ်မရှိ

ဥရောပသမဂ္ဂရဲ့ သံအမတ်တွေက ဇူလိုင်လ ၁ ရက်မှာ ပြည်ပနယ်စပ်တွေကို ပြန်ဖွင့်ပေးဖို့ ဆွေးနွေးနေပြီး အမေရိကန်ခရီးသည်တွေကို ဝင်ခွင့်မပေးဖွယ်ရှိနေပါတယ်။ ဥရောပနိုင်ငံတချို့က ကမ္ဘာလှည့်ခရီးသည်တွေကို ပြန်လက်ခံဖို့ စိတ်အားထက်သန်နေပေမဲ့ တချို့ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်ပူပန်နေကြပါတယ်။ လာမယ့်သီတင်းပတ်တွေအတွင်းမှာ အဖြေတွေ့လိမ့်မယ်လို့…

24-6-2020-yyl-009.jpg

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သိသိသာသာ မြင့်တက်လာ

အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တချို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေတယ်လို့ အမေရိကန်နိုင်ငံရဲ့ ကူးစက်ရောဂါ ထိပ်တန်းကျွမ်းကျင်ပညာရှင် ဒေါက်တာဖော်စီက လွှတ်တော်အမတ်တွေကို ပြောပါတယ်။ ရောဂါကူးစက်မှုသစ်တွေကို တားဆီးနိုင်ဖို့အတွက် လာမယ့်ရက်ပိုင်းက အရေးပါလိမ့်မယ်လို့ ဒေါက်တာဖော်စီ ပါဝင်တဲ့ ကျန်းမာရေးအရာရှိများအဖွဲ့က ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ…

24-6-2020-yyl-002.jpg

ကိုရိုနာဗိုင်းရပ်စ် အကြောင်းအရာ တွေပါတဲ့ ဝတ်စုံကို တိပ်တွေနဲ့ ဖန်တီးခဲ့တဲ့ ဆယ်ကျော်သက်

အီလီနွိုင်းပြည်နယ်က အထက်တန်းကျောင်းသူလေးတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်အကြောင်းအရာတွေပါတဲ့ ဝတ်စုံတစ်စုံကို တိပ်တွေနဲ့ ဖန်တီးချုပ်လုပ်ခဲ့တာကြောင့် လူအများနှစ်သက်သဘောကျလို့နေပါတယ်။ အဲဒီအထက်တန်းကျောင်းသူလေးက ပီတွန် မန်ကာ ဆိုတဲ့ အသက် (၁၈) နှစ်အရွယ်ကောင်မလေးဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီလတုန်းက Duckတိပ်တွေနဲ့ ဖန်တီးရတဲ့ 2020 Stuck…

23-6-2020-yyl-012.jpg

မိဘတွေမှာ ရောဂါလက္ခဏာမပြဘဲ မွေးကင်းစသုံးမြွှာပူးကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ

မက္ကဆီကိုနိုင်ငံမှာ မွေးဖွားခဲ့တဲ့ သုံးမြွှာပူးကလေးတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ မက္ကဆီကိုနိုင်ငံ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ အမြွှာပူးကလေးတွေကို မွေးမွေးပြီးချင်း နာရီပိုင်းအတွင်း ဆေးစစ်ရာမှာ ရောဂါပိုးရှိနေတယ်လို့ တွေ့ရှိခဲ့တာပါ။ အမြွှာပူး ၃ ယောက်ထဲမှာ ၂ ယောက်က ကျန်းမာရေးအခြေအနေ…

23-6-2020-yyl-001.jpg

ဆော်ဒီနိုင်ငံက နိုင်ငံတကာခရီးသည် တွေကို ဟာ့ဂျ်ဘုရားဖူးခရီးစဉ် လာရောက်ခွင့်ပိတ်ပင်

ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ဆော်ဒီနိုင်ငံက အခုနှစ်မှာ နိုင်ငံတကာခရီးသည်တွေကို အစ္စလာမ်ဘာသာဝင်တွေရဲ့ ဟာ့ဂျ်ဘုရားဖူးခရီးစဉ် လာရောက်ခွင့်ပိတ်ပင်ထားပါတယ်။ လက်ရှိအချိန်မှာ ဆော်ဒီနိုင်ငံအတွင်း နေထိုင်နေတဲ့ နိုင်ငံခြားသားတချို့တလေကိုပဲ ဝတ်ပြုဆုတောင်းခွင့်ပေးမယ်လို့ ဆော်ဒီနိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ကြေညာထားပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ အခုနှစ်နွေရာသီမှာ မက္ကာနဲ့ မက်ဒီနာမြို့တွေကို ခရီးသည်…

16-6-2020-yyl-003.jpg

COVID-19 အတွက် hydroxychloroquine ဆေး အသုံးပြုခွင့်ပေးထားတာကို FDA ပြန်ရုပ်သိမ်း

ငှက်ဖျားရောဂါကုသတဲ့ hydroxychloroquine ဆေးကို ကိုရိုနာဗိုင်းရပ်စ် ကုသဖို့အတွက် အရေးပေါ်အသုံးပြုခွင့်ပေးထားတာကို အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုအာဏာပိုင်အဖွဲ့(FDA)က ပြန်ရုပ်သိမ်းခဲ့ပါတယ်။ စမ်းသပ်အသုံးပြုမှု သက်သေအထောက်အထားသစ်အရ hydroxychloroquine ဆေးက ဗိုင်းရပ်စ်ကို ဆန့်ကျင်တိုက်ဖျက်နိုင်တဲ့ အာနိသင် ထုတ်ပေးတယ်ဆိုတာ ယုံကြည်စရာမရှိဘူးလို့ FDA…

15-6-2020-yyl-019.jpg

ကပ်ရောဂါအတွင်းမှာ အန္တရာယ် ကင်းကင်းနဲ့ ဘယ်လို သွေးလှူဒါန်းမလဲ

လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဆေးရုံတွေက ဝန်ပိနေကြရတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာဆိုးတဲ့အတွက် အနည်းငယ်ဖျားနာရင်တောင် ကျန်းမာရေး အကူအညီရှာနေတဲ့သူတွေကို ရပ်တန့်စေခဲ့ပါတယ်။ ဒါတင်မကပါဘူး။ ဆေးရုံလာရင် ကူးစက်ခံရမှာဆိုးတာကြောင့် သွေးလှူဒါန်းတဲ့အရေအတွက်လည်း နည်းသွားစေခဲ့ပါတယ်။ ဆေးရုံတက်ရတာလူတွေ များလာလေလေ သွေးလှူဒါန်းမှုအရေအတွက်က လျော့နည်းလာလေလေပါပဲ။…