12-5-2020-yyl-006.jpg

အိမ်ဖြူတော်ဝန်ထမ်းတွေကို နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားထားပေမဲ့ ဒေါ်နယ်ထရမ့် နှာခေါင်းစည်းတပ်မှာမဟုတ်

အိမ်ဖြူတော်ရဲ့ အနောက်ဆောင်ကို ဝင်ရောက်တဲ့အခါ နှာခေါင်းစည်းတပ်ထားဖို့ ဝန်ထမ်းတွေကို ညွှန်ကြားထားပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တခြားသူတွေနဲ့ ခပ်ဝေးဝေးနေလို့ နှာခေါင်းစည်းတပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ” ကျွန်တော်ကတော့ နှာခေါင်းစည်းမတပ်ချင်ဘူး။ ကျွန်တော်က သမ္မတတွေ၊ အာဏာရှင်တွေ၊ ဘုရင်တွေ၊ ဘုရင်မတွေနဲ့…

7-5-2020-yyl-002.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ပုလဲဆိပ်ကမ်းဗုံးကြဲခံရတဲ့ တိုက်ခိုက်မှုထက် ပိုဆိုးတယ်လို့ ဒေါ်နယ်ထရမ့် ပြော

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ အမေရိကန်နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မှတ်ချက်ပေးခဲ့ပြီး တရုတ်နိုင်ငံအပေါ် အပြစ်တင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ ဒုတိယကမ္ဘာစစ်အတွင်း ပုလဲဆိပ်ကမ်း ဗုံးကြဲတိုက်ခိုက်မှု၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုက ဖြစ်ပွားခဲ့တဲ့…

4-5-2020-yyl-008.jpg

COVID-19 ရောဂါကာကွယ်ဆေး အသင့်ဖြစ်မယ့်အချိန်ကို ဒေါ်နယ်ထရမ့် ထုတ်ပြော

၂၀၂၁ ခုနှစ်မတိုင်ခင် အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါကာကွယ်ဆေး ရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သိပ္ပံပညာရှင်တွေက COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ အပြိုင်ကြိုးပမ်းနေပေမဲ့ ၂၀၂၁ ခုနှစ်ရောက်မှ ကာကွယ်ဆေးတွေ ဖြန့်ဖြူးနိုင်လိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်အများစုက…

30-4-2020-yyl-049-1.jpg

တရုတ်နိုင်ငံ ဓာတ်ခွဲခန်းကနေ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့လာတာလို့ ဒေါ်နယ်ထရမ့် စွပ်စွဲ

တရုတ်နိုင်ငံ ဓာတ်ခွဲခန်းကနေ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့လာတာကို ဖော်ပြနေတဲ့ သက်သေအထောက်အထား တွေ့ရတယ်လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ဟာ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ သုံးသပ်ချက်နဲ့ ဖီလာဆန့်ကျင်ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးရုံးကတော့ COVID-19 ရောဂါဟာ လူသားဖန်တီးထားတာ…

25feb202007.jpg

ဒေါ်နယ်ထရမ့်ရဲ့ အိန္ဒိယခရီးစဉ်က ဘယ်လောက်အထိ အရေးပါလဲ

ဖေဖော်ဝါရီလ ၂၄ ရက်မှာ အိန္ဒိယနိုင်ငံကို ရောက်လာတဲ့ ဒေါ်နယ်ထရမ့်ဟာ အိန္ဒိယခရီးစဉ် လာရောက်တဲ့ ခုနစ်ယောက်မြောက် အမေရိကန် သမ္မတ ဖြစ်လာခဲ့ ပါတယ်။ ဒေါ်နယ်ထရမ့် ရဲ့ အိန္ဒိယခရီးစဉ် ဘယ်လောက်အရေးကြီးလဲဆိုတာကို သံတမန်ရေးနဲ့ လုံခြုံရေးအကြောင်းအရာတွေ ရေးသားနေတဲ့…

25feb202002.jpg

အိန္ဒိယကို ဒေါ်နယ်ထရမ့် ရောက်မလာခင် နာရီပိုင်းအလို ဆန္ဒပြပွဲမှာ လူ ၃ ယောက် သေဆုံး

အိန္ဒိယနိုင်ငံကို ဒေါ်နယ်ထရမ့် ရောက်မလာခင် နာရီပိုင်းအလိုမှာ အိန္ဒိယနိုင်ငံရဲ့ အငြင်းပွားဖွယ် နိုင်ငံသားဥပဒေသစ်နဲ့ပတ်သက်ပြီး နယူးဒေလီမြို့မှာ ဆန္ဒပြပွဲမှာ လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ နိုင်ငံသားဥပဒေသစ်ကို အတည်ပြုခဲ့ပြီးနောက်ပိုင်း ဆန္ဒပြမှုကြောင့် နယူးဒေလီမြို့မှာ တစ်ရက်အတွင်း…

yyl-013-2.jpg

ကြီးမြတ်တဲ့ အမေရိကန်နိုင်ငံ ပြန်လာပြီလို့ ပြည်ထောင်စုမိန့်ခွန်းမှာ ဒေါ်နယ်ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်ထောင်စုမိန့်ခွန်း ပြောကြားမှုမှာ ကြီးမြတ်တဲ့ အမေရိကန်နိုင်ငံ တစ်ကျော့ပြန် ပြန်လာပြီလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သမ္မတအဖြစ် သူ တာဝန်ယူချိန်မှာ အမေရိကန်နိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကျဆင်းမှုကို ချေဖျက်နိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော် စင်မြင့်ပေါ်မှာ…

yyl-012-2.jpg

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အဖွဲ့ဆုံးဖြတ်ချက် မူကြမ်းမှာ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်ကို ဝေဖန်

အနောက်ကမ်းပါးက အိမ်ရာစခန်းတွေအပေါ် အချုပ်အခြာအာဏာ လွှမ်းမိုးမယ့် အစ္စရေးနိုင်ငံရဲ့ အစီအစဉ်ကို ရှုတ်ချတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အဖွဲ့ဆုံးဖြတ်ချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ အစ္စရေးနိုင်ငံကို ထောက်ခံတဲ့ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအစီအစဉ်ကို ဝေဖန်ရာရောက်ပါတယ်။ တူနီးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် နိုင်ငံတွေထံ…

yyl-011-17.jpg

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ဒေါ်နယ်ထရမ့် ထုတ်ပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ သူ့ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ထုတ်ပြန်လိုက်ပါပြီ။ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်အရ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ဖို့ အဆိုပြုထားသလို အနောက်ကမ်းပါး အိမ်ရာစခန်းတွေမှာ အစ္စရေးနိုင်ငံရဲ့ အချုပ်အခြာအာဏာသက်ရောက်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုထားပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်မှာ…

yyl-020-11.jpg

ဒေါ်နယ်ထရမ့်ကို ရုံးတင်စစ်ဆေးချိန်မှာ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး ပါတီနှစ်ခုရဲ့ လွှတ်တော်အမတ်တွေ ထိပ်တိုက်တွေ့

ဒေါ်နယ်ထရမ့်ကို ရုံးတင်စစ်ဆေးနေချိန်မှာ စွဲချက်တင်မှုနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားသစ်တွေ ရရှိဖို့ ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ်တွေရဲ့ ထပ်ဖန်တလဲလဲ ကြိုးပမ်းမှုကို အမေရိကန်အထက်လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က စွဲချက်တင်ရေး ရုံးတင်စစ်ဆေးမှုမှာ မှတ်တမ်းမှတ်ရာတွေနဲ့ သက်သေအထောက်အထားတွေ ရရှိဖို့ ဒီမိုကရက်တစ်ပါတီဝင် အထက်လွှတ်တော်အမတ်တွေက (၃)ကြိမ်တိုင်တိုင်…