3-6-2020-yyl-031.jpg

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်မစခင် ကလပ်တွေကို ခြေစမ်းပွဲ ကစားခွင့်ပေး

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ၃ လကြာ ရပ်နားထားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လ ၁၇ ရက်မှာ ပြန်လည်စတင်တော့မှာပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲမစတင်ခင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကလပ်အသင်းတွေကို ခြေစမ်းပွဲ ကစားခွင့်ပေးခဲ့ပါတယ်။ ခြေစမ်းပွဲ ကစားခွင့်ပေးခဲ့ပေမဲ့ ကလပ်အသင်းတွေက တင်းကျပ်တဲ့ စည်းမျဉ်းတွေကိုတော့…

3-6-2020-yyl-030.jpg

ရဲအရာရှိကြောင့် သေဆုံးခဲ့တဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်ရဲ့ ဈာပနစရိတ်ကို မေဝယ်သာ ကုန်ကျခံမယ်

ရဲအရာရှိကြောင့် သေဆုံးခဲ့ရတဲ့ အမေရိကန် လူမည်းအမျိုးသား ဂျော့ဖလွိုက်ရဲ့ ဈာပနစရိတ်ကို ကျခံပေးမယ်လို့ ဝိတ်တန်း ၅ တန်းရဲ့ ချန်ပီယံဟောင်း မေဝယ်သာက ကမ်းလှမ်းခဲ့ပါတယ်။ အသက် ၄၆ နှစ်ရှိတဲ့ လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်ဟာ စတိုးဆိုင်မှာ…

27-5-2020-yyl-023.jpg

ပရဟိတလုပ်ငန်းတွေ အားတက်သရော ဆောင်ရွက်ပေးခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အထူးအသိအမှတ်ပြုဆု ပေးအပ်

COVID-19 ကပ်ရောဂါကြောင့် ဗြိတိန်နိုင်ငံမှာ အသွားအလာပိတ်ဆို့ထားတဲ့ ကာလအတွင်း FareShare ပရဟိတအဖွဲ့အတွက် ရန်ပုံငွေ ပေါင်သန်း ၂၀ နီးပါး တိုးမြှင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ဂရိတ်မန်ချက်စတာ အဆင့်မြင့် ရဲအရာရှိက အထူးအသိအမှတ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။…

27-5-2020-yyl-022.jpg

ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာက တစ်နှစ်တာဝင်ငွေအများဆုံး အားကစားမယ်အဖြစ် ရပ်တည်

ဂျပန်တင်းနစ်ကြယ်ပွင့် နာအိုမီအိုဆာကာဟာ အမေရိကန်ဝါရင့်တင်းနစ်မယ် ဆရီနာဝီလျံကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဝင်ငွေအများဆုံး အားကစားမယ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ အသက် ၂၂ နှစ်ပဲရှိသေးပေမဲ့ ဂရန်းဆလင်းဆုဖလား ၂ လုံး ဆွတ်ခူးထားတဲ့ အိုဆာကာဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ဆုကြေးနဲ့…

27-5-2020-yyl-021.jpg

မိုက်တိုင်ဆန်ကို ပြန်ကိုက်ပြီး လက်စားချေချင်ခဲ့တယ်လို့ ဟိုလီဖီးလ် ပြော

မိုက်တိုင်ဆန်က သူ့နားရွက်ကို ကိုက်လိုက်ချိန်မှာ သူ့ပါးကို ပြန်ကိုက်ပြီး ချက်ချင်းလက်တုံ့ပြန်ချင်ခဲ့တယ်လို့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း အီဗန်ဒါဟိုလီဖီးလ်က ပြောပါတယ်။ ၁၉၉၆ ခုနှစ်က ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ အီဗန်ဒါဟိုလီဖီးလ်က ထင်ကြေးတွေကို တက်တက်စင်အောင် လွဲချော်စေခဲ့ပြီး သံမဏိမိုက်တိုင်ဆန်ဆီက WBA ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူခဲ့ပါတယ်။…

27-5-2020-yyl-020.jpg

COVID-19 ကပ်ရောဂါကာလ စည်းမျဉ်းတွေနဲ့ညီအောင် ဂျာမန်ကလပ် ၂သင်းက ဈေးဝယ်လက်တွန်းလှည်းကိုယ်စီနဲ့ ဘောလုံးကစားခဲ့

COVID-19 ကပ်ရောဂါကာလမှာ တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးနေရမယ်လို့ စည်းမျဉ်းထုတ်ပြန်ထားတဲ့အတွက် ဂျာမန်အပျော်တမ်းလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်း ၂ သင်းက ဈေးဝယ်တွန်းလှည်းတွေ၊ နှာခေါင်းစည်းတွေ တပ်ပြီး ထူးထူးခြားခြား ဘောလုံးကစားခဲ့ကြပါတယ်။ လက်တွန်းလှည်းတွေကိုယ်စီကိုင်ပြီး ကစားခဲ့ကြတဲ့ အက်စ်စီအိန်းဟစ်(SC Einheit)နဲ့ အက်စ်ဗီကိုနစ်စတိန်း(SV Konigstein)အသင်းပွဲစဉ်က…

27-5-2020-yyl-019.jpg

ဘာစီလိုနာအသင်းက အသင်းအမှတ်တံဆိပ်ပါ ချည်သားစစ်စစ် နှာခေါင်းစည်းများ ရောင်းချ

ဥရောပမှာ ဝင်ငွေအများဆုံး ဘောလုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ ၁၆ ပေါင် တန်ကြေးရှိတဲ့ ကလပ်အသင်း အမှတ်တံဆိပ်ပါ နှာခေါင်းစည်းတွေ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ ကာတာလန်ဒေသအတွင်းမှာ ထုတ်လုပ်တဲ့ နှာခေါင်းစည်းတွေဟာ ဂေဟစနစ်နဲ့ ကိုက်ညီတဲ့…

20-5-2020-yyl-025.jpg

ဘွန်ဒက်စ်လီဂါကလပ် ကိုလုံးအသင်းက ပရိသတ်တွေဆီကနေ ဂျာစီတွေငှားပြီး အိမ်ကွင်းပွဲကြည့်စင်ကို အလှဆင်

ကိုလုံးအသင်းဟာ မိန့်ဇ်နဲ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါအိမ်ကွင်းပွဲစဉ်မတိုင်ခင် အသင်းပရိသတ်တွေဆီကနေ ငှားထားတဲ့ ဂျာစီအင်္ကျီတွေ၊ ခေါင်းစည်းပဝါတွေကို အသုံးပြုပြီး သူတို့အသင်းအိမ်ကွင်း ရိန်းအန်နာဂျီစတေဒီယမ်ရဲ့ ပွဲကြည့်စင်တစ်ခုကို အလှဆင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းပိတ်ကစားရချိန်မှာ ပွဲကြည့်စင်ကို ဟာလာဟင်းလင်းမထားချင်တဲ့ ကိုလုံးကလပ်က သူတို့ပရိသတ်တွေ ကွင်းထဲမလာနိုင်ပေမဲ့…

20-5-2020-yyl-024.jpg

မိသားစုကို ကာကွယ်ပေးနိုင်ဖို့ ပေါင် ၁၅,၀၀၀ တန် သက်တော်စောင့်ခွေး ဝယ်ယူခဲ့တဲ့ စပါးဂိုးသမား ဟူဂိုလိုရစ်

စပါးအသင်းဖော် ဒယ်လီအလီရဲ့အိမ် ဓားပြတိုက်မခံရခင် ၂ ပတ်အလိုမှာ စပါးဂိုးသမား ဟူဂိုလိုရစ်က အထူးလေ့ကျင့်ထားတဲ့ သက်တော်စောင့်ခွေးတစ်ကောင်ကို ပေါင် ၁၅၀၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က လန်ဒန်မြောက်ပိုင်းမှာရှိတဲ့ ဒယ်လီအလီရဲ့ ပေါင် ၂ သန်းတန် စံအိမ်ထဲကို…

20-5-2020-yyl-023.jpg

အာဆင်နယ်က အူဘာမီယန်းကို ရောင်းထုတ်ဖို့ ၁၀၀ ရာခိုင်နှုန်းသေချာတယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဆို

အာဆင်နယ်အသင်းက လာမယ့်နွေရာသီမှာ အူဘာမီယန်းကို ထုတ်ရောင်းဖို့ကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူးလို့ အသင်းတိုက်စစ်မှူးဟောင်း အလီဒါရီက ပြောပါတယ်။ အူဘာမီယန်းနဲ့ အာဆင်နယ်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်က သက်တမ်းတစ်နှစ်ပဲ ကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှုတွေကလည်း သဘောတူညီမှုမရသေးပါဘူး။ ရီးရဲလ်၊ ဘာစီလိုနာ၊ အင်တာမီလန်အသင်းတွေက…