11-3-2020-yyl-009.jpg

မန်ယူမှာ ဘရူနိုဖာနန်ဒက်စ်ရှိနေလို့ ပေါ့ဘာကို ရောင်းလို့ရပြီလို့ ပေါလ်အင့်စ် ပြော

ပေါ်တူဂီကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ် ရောက်လာလို့ မန်ယူအသင်းက ပေါ့ဘာကို မလိုအပ်တော့ဘူးလို့ မန်ယူအသင်း ကွင်းလယ်လူဟောင်း ပေါအင့်စ်က ပြောပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်းကနေ မန်ယူကို ပြောင်းရွှေ့လာတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ (၇)ပွဲ ကစားရာမှာ (၃)ဂိုးသွင်း၊…

11-3-2020-yyl-0088.jpg

ရော်နယ်ဒင်ဟို ထိန်းသိမ်းခံထားရတဲ့ အကျဉ်းထောင်မှာ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

၂၀၀၅ ခုနှစ်က Ballon d’Or ဆု ဆွတ်ခူးခဲ့တဲ့ ဘရာဇီးဘောလုံးသမား ရော်နယ်ဒင်ဟိုကို ထိန်းသိမ်းထားတဲ့ ပါရာဂွေးအကျဉ်းထောင်မှာ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပနေပါတယ်။ ရော်နယ်ဒင်ဟိုဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူ့ရဲ့အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ သူ့အစ်ကို မိုရီရာနဲ့အတူ ပါရာဂွေးနိုင်ငံကို…

11-3-2020-yyl-007.jpg

အသက်(၇၅)နှစ်အရွယ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား

ဘောလုံးသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် ဂင်းနက်စ်စံချိန်တင်နိုင်ဖို့ ကြိုးစားနေတဲ့ အသက်(၇၅)နှစ်အရွယ် အီဂျစ်နိုင်ငံသားဟာ အသင်းအတွက် ပထမဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဘဟာဒါဟာ ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် ဂင်းနက်စ်စံချိန်တင်နိုင်ဖို့ ပွဲစဉ်(၂)ပွဲကို ပွဲချိန်ပြည့် ကစားဖို့ လိုအပ်ပါတယ်။…

yyl-040.jpg

UEFA Nations League ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ အိုက်စလန်တို့နဲ့ တစ်အုပ်စုတည်းကျနေတဲ့ အင်္ဂလန်

အင်္ဂလန်အသင်းဟာ လာမယ့် UEFA Nations League ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ အိုက်စလန်တို့နဲ့အတူ မရဏအုပ်စုထဲ ကျရောက်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နည်းပြ မာတီနက်ဇ်ရဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ဖူးပါတယ်။…

yyl-039.jpg

အာရိုလ်စပန့်ဂျူနီယာ(သို့)မီခေးဂါစီယာတို့နဲ့ ထိုးသတ်ချင်နေတဲ့ ပက်ကွီအို

အခုနှစ်နှောင်းပိုင်းမှာ ကြိုးဝိုင်းထဲ ဝင်ရောက်လာမယ့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုဟာ ဝယ်တာဝိတ်တန်းရဲ့ အငြင်းပွားစရာမရှိ ချန်ပီယံအဖြစ် အဖြေထုတ်နိုင်ဖို့ IBF၊ WBC ချန်ပီယံခါးပတ်တွေ သိမ်းပိုက်ထားတဲ့ အမေရိကန်လက်ဝှေ့သမား အာရိုစပန့်ဂျူနီယာနဲ့ ထိုးသတ်ချင်သလို မီခေးဂါစီယာနဲ့လည်း ထိုးသတ်ဖို့ ဆန္ဒရှိနေပါတယ်။ အသက်…

yyl-038.jpg

ဘာစီလိုနာနည်းပြရာထူးကို ငြင်းပယ်ခဲ့တဲ့ ဟော်လန်နည်းပြ ရော်နယ်ကိုးလ်မန်း

ဘာစီလိုနာအသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပေမဲ့ ဟော်လန်လက်ရွေးစင်အသင်းကို ကတိပေးထားပြီးသားဖြစ်နေလို့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ ဟော်လန်နည်းပြ ရော်နယ်ကိုးလ်မန်းက ပြောပါတယ်။ ရော်နယ်ကိုးလ်မန်းဟာ ကစားသမားဘဝတုန်းက ဘာစီလိုနာမှာ ၆ နှစ်ကြာကစားခဲ့သူပါ။ နည်းပြဗယ်ဗာဒီကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက်မှာ ဘာစီလိုနာအသင်းက သူ့ကို ကမ်းလှမ်းခဲ့တယ်လို့…

yyl-037.jpg

သူ့အဖေအရွယ်ရှိနေတဲ့ မေဝယ်သာက လက်ဝှေ့ပွဲ ၁၁ ချီထိုးခွင့်ရရင်တောင် သူ့ကို နိုင်မှာမဟုတ်ဘူးလို့ ခါဘီနာမာဂိုမီဒေါ့ဗ် လှောင်ပြောင်

ပွဲတိုင်းနိုင် လက်ဝှေ့သမားဟောင်း မေဝယ်သာနဲ့ ထိုးသတ်ဖြစ်ခဲ့ရင် မေဝယ်သာက သူ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူးလို့ ရုရှားနိုင်ငံသား သိုင်းပေါင်းစုံ ကစားသမား နာမာဂိုမီဒေါ့ဗ်က ပြောပါတယ်။ အသက် ၄၃ နှစ်ရှိတဲ့ မေဝယ်သာဟာ ၂၀၁၇ ခုနှစ်မှာ အိုင်ယာလန် သိုင်းပေါင်းစုံကစားသမား…

yyl-036.jpg

မန်ယူမှာ ဘရူနိုဖာနန်ဒက်စ် ပိုကောင်းလာလိမ့်မယ်လို့ ရိုင်ယန်ဂစ် သုံးသပ်

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်းကနေ ပြောင်းရွှေ့လာတဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်းမှာ အခုထက်ပိုပြီး ခြေစွမ်းပြနိုင်လိမ့်မယ်လို့ မန်ယူဂန္တဝင် ကစားသမားဟောင်း ရိုင်ယန်ဂစ်က သုံးသပ်ခဲ့ပါတယ်။ ပေါင် ၆၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူအတွက်…

yyl-033-9.jpg

နာပိုလီဂန္တဝင် ကွင်းလယ်လူဟောင်း ဟမ်ဆစ်ရဲ့ စံချိန်နဲ့တူညီသွားတဲ့ ဒရိုင်းမာတင်

ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နာပိုလီအတွက် အဖွင့်ဂိုး သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ဒရိုင်းမာတင်ဟာ နာပိုလီအသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဟမ်ဆစ်နဲ့ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာနဲ့ပွဲမှာ ဂိုးဧရိယာအစပ်ကနေ ဝေ့ဝိုက်ကန်ချက်နဲ့ သွင်းယူခဲ့တဲ့ ဒရိုင်းမာတင်ရဲ့ဂိုးဟာ နာပိုလီကစားသမားဘဝမှာ ၁၂၁…

yyl-032-10.jpg

ပဝါပစ်တင် အရှုံးပေးခဲ့တဲ့ နည်းပြဆရာကို ထုတ်ပယ်ဖို့ ဒီယွန်တေးဝှိုက်ဒါ စီစဉ်နေ

တိုင်ဆန်ဖျူရီကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပဝါပစ်တင် အရှုံးပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝှိုက်ဒါက နည်းပြဖြစ်သူ မက်ခ်ဘရီလန်းကို ထုတ်ပယ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီပွဲစဉ်ရဲ့ တတိယအချီနဲ့ ပဥ္စမအချီတွေမှာ လဲကျခဲ့တဲ့ ဒီယွန်တေးဝှိုက်ဒါဟာ (၇)ချီမှာလည်း…