16-9-2020-yyl-024.jpg

ဒီပိုင်းကို ခေါ်ယူဖို့ လက်ရှိကစားသမားတွေကို အရင်ရောင်းဖို့လိုတယ်လို့ ရော်နယ်ကိုးမန်း ပြော

လိုင်ယွန်အသင်းခေါင်းဆောင် ဒီပိုင်းကို ခေါ်ယူဖို့အတွက် အသင်းမှာရှိနေတဲ့ ကစားသမားတချို့ကို အရင်ဆုံးရောင်းထုတ်ဖို့ လိုအပ်တယ်လို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။ ဒီပိုင်းက ဘာစီလိုနာအသင်းမှာ ဟော်လန်နည်းပြဟောင်း ရော်နယ်ကိုးမန်းနဲ့ ပြန်လည်ဆုံစည်းမယ်လို့ ထင်ကြေးပေးခံနေရပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ဘာစီလိုနာအသင်း ဘဏ္ဍာရေးအခက်အခဲရှိနေလို့…

16-9-2020-yyl-023.jpg

ရီးရဲလ်မှာ နေ့တိုင်း သူ အားကျအတုယူခဲ့ရတဲ့ ကစားသမား ၃ ယောက်ကို ရာမို့စ် ထုတ်ပြော

ရီးရဲလ်အသင်းမှာ နေ့စဉ်နေ့တိုင်း သူ အားကျအတုယူခဲ့ရတဲ့ ကစားသမား ၃ ယောက် ရှိခဲ့တယ်လို့ ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်က ပြောပါတယ်။ အသက် ၃၄ နှစ်ရှိတဲ့ စပိန်ဗဟိုနောက်ခံလူ ရာမို့စ်က ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။…

16-9-2020-yyl-022.jpg

ဒေါ့မွန်နဲ့ မိုချန်ဂလက်ဘတ်ပွဲကို ပရိသတ် ၁၀၀၀၀ ကွင်းထဲလာကြည့်ခွင့်ရမယ်

လာမယ့်စနေနေ့ညကျရင် မိုချန်ဂလက်ဘတ်နဲ့ ကစားမယ့် ဘွန်ဒက်စ်လီဂါအဖွင့် အိမ်ကွင်းပွဲစဉ်မှာ ဒေါ့မွန်အသင်းက ပရိသတ် ၁၀၀၀၀ ကို လာရောက်ကြည့်ရှုခွင့်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ရာသီရဲ့ လက်ကျန်ပွဲစဉ်တွေကို ကွင်းပိတ်စနစ်နဲ့ ကစားခဲ့ရပေမဲ့ ဒီရာသီမှာတော့ ပရိသတ်တွေ…

16-9-2020-yyl-021.jpg

မတန်မရာနှိုင်းယှဉ်ရာရောက်လို့ မိုဟာမက်အလီနဲ့ မခိုင်းနှိုင်းကြဖို့ ခါဘီ တောင်းဆို

UFC လိုက်ဝိတ်ချန်ပီယံ ခါဘီနာမာဂိုမီဒေါ့ဗ်က သမိုင်းတစ်လျှောက် အကောင်းဆုံး လက်ဝှေ့သမားအဖြစ် သတ်မှတ်ခံထားရတဲ့ မိုဟာမက်အလီနဲ့ ခိုင်းနှိုင်းတာဟာ မတန်မရာ နှိုင်းယှဉ်ရာရောက်တယ်လို့ ပြောခဲ့ပြီး အဲဒီလို မနှိုင်းကြဖို့ တောင်းဆိုခဲ့ပါတယ်။ ရုရှားသိုင်းပေါင်းစုံ ကစားသမား ခါဘီဟာ ၂၈ ပွဲလုံး…

9-9-2020-yyl49.jpg

PFA တစ်နှစ်တာအကောင်းဆုံးအသင်းမှာ လီဗာပူးကစားသမား ၅ ယောက် ပါဝင်

PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမား ၁၁ ယောက်စာရင်းမှာ လီဗာပူးကစားသမား ၅ ယောက်အထိ ပါဝင်လာခဲ့ပါတယ်။ နည်းပြဂျာဂန်ကလော့ရဲ့ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အနီးဆုံးပြိုင်ဘက် မန်စီးတီးကို ၁၈ မှတ်ဖြတ်ပြီး နှစ် ၃၀…

9-9-2020-yyl48.jpg

အဲဗာတန်မှာ ပြန်ပေါင်းထုပ်တဲ့ အန်စလော့တီနဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်

အဲဗာတန်အသင်းဟာ ရီးရဲလ်အသင်းရဲ့ ကိုလံဘီယာကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)နဲ့ ခေါ်ယူလိုက်ပါပြီ။ အသက် (၂၉) နှစ်ရှိတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ မိုနာကိုကနေ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့ပေမဲ့ ရီးရဲလ်မှာ ပွဲထွက်ခွင့်ရဖို့…

9-9-2020-yyl47.jpg

ဒိုင်ကို ဘောလုံးနဲ့ရိုက်မိလို့ ယူအက်စ်အိုးပင်းပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ ဂျိုကိုဗစ်

ကမ္ဘာ့အဆင့်(၁) တင်းနစ်သမား ဂျိုကိုဗစ်ဟာ စည်းကြပ်ဒိုင်ကို တင်းနစ်ဘောလုံးနဲ့ ရိုက်မိခဲ့လို့ အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ အသက် ၃၃ နှစ်ရှိတဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကာရင်နိုဘူစတာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ စတုတ္ထအဆင့်ပွဲစဉ်မှာ စည်းကြပ်ဒိုင်ကို ဘောလုံးနဲ့…

9-9-2020-yyl46.jpg

အင်္ဂလန်အသင်းနဲ့အတူ ရှိနေတုန်း ဖိုဒင်နဲ့ ဂရင်းဝုဒ်တို့က ဟိုတယ်ဝန်ထမ်းကို ဘောက်ဆူးပေးပြီး အိုက်စလန်သူ ၂ ယောက်ကို သူတို့ရဲ့ဟိုတယ်ခန်းထဲ ပို့ခိုင်းခဲ့

မန်စီးတီးကွင်းလယ်လူ ဖိုဒင်နဲ့ မန်ယူတောင်ပံကစားသမား ဂရင်းဝုဒ်တို့ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ရှိနေချိန်မှာ သူတို့ရဲ့ ဟိုတယ်ခန်းထဲကို အိုက်စလန်မိန်းကလေး ၂ ယောက် ခိုးဝင်နိုင်အောင်လို့ ဟိုတယ်ဝန်ထမ်းကို ဘောက်ဆူးကောင်းကောင်းပေးခဲ့တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းတွေအရ…

9-9-2020-yyl45.jpg

မာနေး၊ ဗန်ဒိုက်ဂျ်တို့ကို ကျော်ဖြတ်ပြီး PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဒီဘရိုင်း ဆွတ်ခူး

မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်း ကစားသမားတွေဖြစ်တဲ့ မာနေး၊ ဗန်ဒိုက်ဂျ်တို့ကို ကျော်ဖြတ်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားအစည်းအရုံးရဲ့ တစ်နှစ်တာအကောင်းဆုံးဆု(PFA) ဆွတ်ခူးသွားခဲ့ပါတယ်။ ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအတွက် ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုအကြိမ်(၂၀) လုပ်နိုင်ခဲ့ပြီး အာဆင်နယ်တိုက်စစ်မှူးဟောင်း…

9-9-2020-yyl44.jpg

နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ရော်နယ်ဒို

ဆွီဒင်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ Nations League ပြိုင်ပွဲမှာ ပေါ်တူဂီအတွက် အနိုင်ဂိုး ၂ ဂိုးလုံး သွင်းပေးခဲ့တဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အမျိုးသားဘောလုံးပြိုင်ပွဲသမိုင်းမှာ နိုင်ငံတကာသွင်းဂိုး ၁၀၀ သွင်းယူနိုင်ခဲ့တဲ့ ဒုတိယကစားသမား ဖြစ်လာခဲ့ပါတယ်။…