30-9-2020-yyl-019.jpg

လီဗာပူးကွင်းလယ်လူ သီယာဂိုမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့လို့ သီးသန့်ခွဲခြားထားတယ်လို့ လီဗာပူးအသင်းက အတည်ပြုခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိတဲ့ သီယာဂိုဟာ အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ သီယာဂိုက နိုင်ငံတကာပွဲစဉ်တွေ ကစားရမယ့်…

30-9-2020-yyl-018.jpg

ဘင်ဖီကာ ဗဟိုနောက်ခံလူ ရူဘင်ဒိုင်ယက်စ်ကို ပေါင် ၆၄ သန်းနဲ့ ခေါ်ယူလိုက်တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ဘင်ဖီကာနောက်ခံလူ ရူဘင်ဒိုင်ယက်စ်ကို ပေါင် ၆၄.၃ သန်းနဲ့ ၆ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါပြီ။ အဲဒီအပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းအဖြစ် မန်စီးတီးနောက်ခံလူ အော့တာမန်ဒီကတော့ ဘင်ဖီကာအသင်းကို ပေါင် ၁၃.၇ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ” ကျွန်တော်က…

30-9-2020-yyl-017.jpg

ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲမှာ မအောင့်နိုင်တော့လို့ ရှူးပြေးပေါက်ခဲ့တဲ့ စပါးကွင်းလယ်လူ အဲရစ်ဒိုင်ယာ

ချဲလ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ခရာဘောင်းဖလားပွဲစဉ်မှာ မအောင့်နိုင်တော့လို့ အဝတ်လဲခန်းထဲ ရှူးပြေးပေါက်ခဲ့တဲ့ စပါးကွင်းလယ်လူ အဲရစ်ဒိုင်ယာရဲ့ ဖြစ်ရပ်က ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရပါတယ်။ အဲဒီပွဲမှာ တီမိုဝါနာရဲ့ဂိုးကြောင့် ချဲလ်ဆီးက (၁-ဝ)ဂိုးနဲ့ ဦးဆောင်ကစားခဲ့ပြီး ပွဲချိန်(၇၅)မိနစ်အရောက်မှာ အဲရစ်ဒိုင်ယာက…

23-9-2020-yyl-022.jpg

အင်တာမီလန်ကို ပြောင်းရွှေ့သွားတဲ့ ဗီဒယ်

ဘာစီလိုနာအသင်းက ကွင်းလယ်လူ ဗီဒယ်ကို အင်တာမီလန်အသင်းထံ ပေါင် ၉ သိန်းကျော်နဲ့ ရောင်းချခဲ့ပါတယ်။ အင်တာမီလန်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ချီလီလက်ရွေးစင်ကွင်းလယ်လူ ဗီဒယ်ကို ခေါ်ယူချင်ခဲ့ပေမဲ့ ဗီဒယ်နဲ့ ဘာစီလိုနာအသင်းကြားမှာ ဆုကြေးခံစားခွင့်ကိစ္စ အရှုပ်အထွေး ဖြစ်ပွားခဲ့လို့ တရားစွဲဆိုတဲ့အဆင့် ဖြစ်ခဲ့ပါတယ်။…

23-9-2020-yyl-021.jpg

မိုရာတာကို အငှားပြန်လည်ခေါ်ယူခဲ့တဲ့ ဂျူဗင်တပ်

ဂျူဗင်တပ်အသင်းက အက်သလက်တီကို တိုက်စစ်မှူး မိုရာတာကို တစ်နှစ်အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူလိုက်ပါပြီ။ စပိန်လက်ရွေးစင်တိုက်စစ်မှူး မိုရာတာဟာ ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ ရာသီတွေတုန်းက ဂျူဗင်တပ်မှာ ကစားခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုး (၂၇)ဂိုး သွင်းယူကာ ဖလား(၅)လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။ အဲဒီနောက်မှာ ရီးရဲလ်၊…

23-9-2020-yyl-020.jpg

ဝက်စ်ဟမ်းနည်းပြ မိုရက်စ်နဲ့ ကစားသမား ၂ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ဝက်စ်ဟမ်းနည်းပြ မိုရက်စ်နဲ့ ကစားသမား ၂ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ နောက် ၁ နာရီအကြာမှာပဲ ဟူးလ်စီးတီးအသင်းနဲ့ ခရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်ကစားခွင့်ပေးခဲ့တဲ့အတွက် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ဝက်စ်ဟမ်းနည်းပြ မိုရက်စ်၊ နောက်ခံလူ…

23-9-2020-yyl-019.jpg

ခပ်ခွာခွာနေရေးစည်းမျဉ်းကြောင့် ၃၇ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ဂျာမန်ကလပ်

ဂျာမန်ဘောလုံးကလပ်အသင်းတစ်သင်းဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှာ စိုးရိမ်ပြီး ကစားသမား ၇ ယောက်ပဲ ထည့်သွင်းကစားခဲ့သလို ပြိုင်ဘက်အသင်း ကစားသမားတွေနဲ့ ခပ်ခွာခွာ နေခိုင်းခဲ့လို့ ၃၇ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ အက်စ်ဗီဟိုဒင်စတက်(၂) အသင်း ကစားသမားတွေက အရင်ပွဲစဉ်မှာ…

23-9-2020-yyl-018.jpg

မက်ဆီ၊ ရော်နယ်ဒိုတို့ထက် တန်ကြေးမြင့်တဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့တဲ့ နေမာ

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ မက်ဆီ၊ ရော်နယ်ဒိုတို့ထက် တန်ကြေးမြင့်တဲ့ စပွန်ဆာစာချုပ်တစ်ရပ်ကို Puma ကုမ္ပဏီနဲ့ ချုပ်ဆိုလိုက်ပါတယ်။ အဲဒီစာချုပ်အရ နေမာက တစ်နှစ်ကို ပေါင် ၂၃ သန်းရရှိမှာဖြစ်ပြီး အားကစားသမိုင်းမှာ တစ်ဦးချင်း တန်ကြေးအမြင့်ဆုံး စပွန်ဆာစာချုပ် ဖြစ်လာပါတယ်။…

23-9-2020-yyl-017.jpg

သုံးခွင့်မရှိတဲ့ ကစားသမားကို ထည့်သုံးမိလို့ ၃ ဂိုးပြတ်အရှုံး သတ်မှတ်ခံခဲ့ရတဲ့ ရိုးမား

ရိုးမားအသင်းဟာ ဗီရိုနာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ စီးရီးအေအဖွင့်ပွဲစဉ်မှာ သုံးခွင့်မရှိတဲ့ ကစားသမားတစ်ယောက် ထည့်သွင်းကစားခိုင်းမိလို့ ၃ ဂိုးပြတ် အရှုံးရလဒ် သတ်မှတ်ခံခဲ့ရပါတယ်။ ဂီနီကွင်းလယ်လူ အမာဒူဒီယာဝါရာက ပြီးခဲ့တဲ့ဇူလိုင်လမှာ အသက် ၂၃ နှစ် ပြည့်ခဲ့ပေမဲ့ ရိုးမားအသင်းက သူ့ကို…

16-9-2020-yyl-025.jpg

အာဆင်နယ်နဲ့ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ အူဘာမီယန်း

အာဆင်နယ်အသင်းနဲ့အတူ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုပြီးနောက်မှာတော့ အာဆင်နယ်အသင်းရဲ့ ဂန္ထဝင် ကစားသမားတစ်ယောက် ဖြစ်လာချင်တယ်လို့ အသင်းခေါင်းဆောင် အူဘာမီယန်းက ပြောပါတယ်။ အာဆင်နယ်အသင်းနဲ့အတူ ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အူဘာမီယန်းဟာ အခြေခံလုပ်လအဖြစ် တစ်ပတ်ကို…